Professional Authors

တယောက်သောသူသို့လွမ်းခြင်း (မင်းကိုချစ်တဲ့သူ)

ဘာကိုမှမလိုချင်ပါဘူး
ငြိုငြင်မှုတွေကင်းတဲ့
အဖြူရောင်မနက်ခင်းတွေကို
ဖန်ဆင်းပေးပါ ကောင်မလေး…

တကယ်ဆို ငါကိုကမိုက်တာပါ
ကံကြမ္မာကို ယှဉ်ပြိုင်ဖို့
ငါ့ဘ၀ကို လောင်းကြေးထပ်
သွေးအေးအေး စစ်ပွဲတွေနဲ့ ငါတို့တွေ
တဖြည်းဖြည်း ဝေးသွားခဲ့ရတယ်…

လူမမြင်တဲ့ ဒဏ်ရာတွေနဲ့
ငါ့ရင်တွေ ဗလောင်ဆူနေခဲ့ရ
ကြင်နာသူမရှိတဲ့ လမ်းမထက်မှာ
ဘယ်အရာကို ယုံကြည်ရမလဲ…

စီးကရက်တဖွာရဲ့ နောက်ကွယ်မှာ
အတိတ်ဟောင်းတွေ စီဆင်း
အတွေးမြစ်တစင်းဟာ
အရောင်တွေ ကင်းတဲ့
ငါ့တို့ရဲ့ ချစ်ခြင်းတွေလိုပါပဲ…

ခံစားချက်တွေနဲ့ ကဗျာသီကုံး
အချစ်ဦးရယ် မမုန်းပါနဲ့
စိတ်တခြား ကိုယ်တခြားဘ၀မှာ
ဒီကဗျာတွေဟာ သူ့အတွက်တော့
နှစ်သိမ့်စာတွေများ ဖြစ်နေမလား…

အပြစ်တွေများနဲ့ ငါပါ
အကြိမ်တစ်ရာမက
ချစ်တယ်ပြောဖူးတယ်
ဒါပေမဲ့…
နှစ်ယောက်မရှိတဲ့
တစ်ယောက်သောသူကိုပါ…

In: ကဗျာ Posted By: Date: Apr 16, 2012
Comment #1

ကောင်းသောနှစ်သစ်ပါ ကိုdeadxromeo အကို ကဗျာတွေ ကောင်းပါတယ် ခံစားချက်တွေတူနေတယ်နဲ့တူတယ် ……

commentinfo By: သွေးသစ်မင်း at Apr 16, 2012
Comment #2

အပြစ်တွေများနဲ့ ငါပါ
အကြိမ်တစ်ရာမက
ချစ်တယ်ပြောဖူးတယ်
ဒါပေမဲ့…
နှစ်ယောက်မရှိတဲ့
တစ်ယောက်သောသူကိုပါ…
..အသဲကွဲလို့လားမသိဘူး….လက်တော်တော်တက်လာတ.်ဗျ။။။
နှစ်သက်စွာအားပေးသွားတယ်

commentinfo By: အသဲကွဲ မိုး at Apr 17, 2012
Comment #3

wow,,,,,,,nice
excellent,,,
super like.

commentinfo By: ei lay at Jun 2, 2012
Comment #4

တကယ်ဆို ငါကိုကမိုက်တာပါ
ကံကြမ္မာကို ယှဉ်ပြိုင်ဖို့
ငါ့ဘ၀ကို လောင်းကြေးထပ်
သွေးအေးအေး စစ်ပွဲတွေနဲ့ ငါတို့တွေ
တဖြည်းဖြည်း ဝေးသွားခဲ့ရတယ်…

commentinfo By: ရနံ့ at Jun 4, 2012
Comment #5

i love so so much but only 1 u,
😛

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment