Professional Authors

“ရင်ဘတ်ထဲက သံစဉ်”

အိပ်မက်မက်နေတယ်လို့ 
သိလိုက်ရရင်တောင်မှ
မနိုးတမ်းအိပ်ချင်နေတာက
မင်းရဲ့ နှလုံးသားထဲမှာပါကွာ …

အချစ်နဲ့ ဘ၀က~ တကယ်တော့
ခြားလှတယ်ဆိုတာ
ငါနားလည်ပါတယ်
ကောင်မလေးရယ် …

အမှတ်တမဲ့နဲ့ …
ငါ့ရင်ဘတ်ကိုတံခါးခေါက်လို့ 
ရင်ခုန်ခြင်းအိပ်မက်ရှည်တွေနဲ့ 

တိတ်တဆိတ်ထိုးဖောက်ကာ
နင်’၀င်ရောက်လာလေရဲ့  …

ကျေးဇူးပြုပြီး…
လှုပ်နှိုးဖို့ တော့~မကြိုးစားပါနဲ့ တော့
နင်’ပေးခဲ့တဲ့အိပ်မက်ရှည်တွေနဲ့ 
ငါ’ဒီမှာ…တော်တော့်ကို အသားကျနေပါပြီ …

အိပ်မက်ဆိုတာ…
ကြိုးပျက်နေတဲ့ပတ္တလားဟောင်းတစ်လုံးမို့ 
သံစဉ်ထွက်အောင်တီးခတ်ပေးဆိုရင်
နရီမပီ၊စည်းဝါးမညီဘဲ
သံစဉ်မကျနလို့ ၊ပနံတင့်ချင်မှတင့်မယ်နော်

ဒါပေမယ့်လည်း
ကြိုးသွားစုံလင်နေတဲ့…
ပတ္တလားကောင်းတစ်လုံးကိုပင်
အတီးမတတ်တဲ့သူ(ထ)ပြီးတီးခတ်ရင်
စည်းဝါးမညီ၊ကာရံမကိုက်လို့ 
သံစဉ်ပီသချင်မှ ပီသမယ်လေ …

တစ်ချို့ တစ်ချို့ တွေမှာ
အားနည်းချက်ကွက်လပ်လေးတွေနဲ
အတတ်နိုင်ဆုံးကြိုးစားလို့ ရယ်
အဖြစ်နိုင်ဆုံး ဖြည့်ဆည်းကြည့်ကြတဲ့အခါ

တစ်ခါတစ်ရံမှာ …
ကြိုးပျက်နေတဲ့ ပတ္တလားသံဟာ
ပိုလို့  ချိုမြတတ်ပါတယ်ကွာ … ။ ။

♥MOESUTNAY♥

11thJuly2010
5:30 p.m.

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

ခံစားဖူးသူတွေက ပိုပြီး သိကြပါတယ်..ရင်ဘတ်ချင်းနီးစပ်မှ အဲဒီသံစဉ်ကို ကြားနိုင်မှာပါ………

commentinfo By: နှိုင်းခ at Jul 24, 2010
Comment #2

အရမ်းကောင်းတယ်သိလား… စန္ဒီသိတာကတော့.. အိပ်ရေးပျက်ပြီးစပ်ထားတာတော့ အမှန်ဘဲ….

commentinfo By: sandi at Jun 27, 2011
Comment #3

excellenttttttttt

commentinfo By: ei lay at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment