Professional Authors

ဂလပ်စ်ဆီ – နရီထက်

တိမ်းစောင်းလာတဲ့ အမြင်ဒီဂရီကြားမှာ
ကျဉ်းမြောင်းလာတဲ့ ဘောင်တွေများပြီး..
အခိုးအငွေ့တွေက ပါးလွှားနေလေပြီး
ခေတ်နဂါးတွေက ၀ါးမျိုရုံသက်သက်လောက်ပါပဲ
ပြန်မထွေးထုတ်တော့ဘူး…
ခြေရာကြီးပေမဲ့ ရေအိုင်တွေက များတယ်
အပြောတွေက ရွှေမှုန်ကြဲနေပေမဲ့
လက်တွေ့က ဇကာပေါက်ဖြစ်ရတယ်
ခ၀ါချချင်တဲ့ ဇိမ်ခံထွက်ပေါက်မှာ
တိုးတက်မှုက အပေါင်းအနုတ်ဖြစ်ရချေပြီး…
အကြံတွေက ကျန်ရစ်လား…
ပြေးလမ်းတွေကို စမ်းသပ်မောင်းနှင်ကြည့်လေ
ရေကြည်ရာ ရေနောက် မြက်နုရာ မြက်ခြောက်လည်း
ဇာတိခါးခါးကို ၀ါးမျိုသောက်နေရတယ်
ဝေးရစ်ခဲ့တဲ့ နေ့စွဲတွေက တစ်ချို့တစ်ဝက်နှစ်ပျက်တွေကို
အထီးကျန်မြို့ဟောင်းမှောင်ကျလေတယ်
ရေအေးလေးတစ်ခွက်လောက်နဲ့တော့
အိမ်မက်နိုးသန်းခေါင်ယံတစ္ဆေကောင်တွေက
မြို့ခံတပ်မကို လမ်းမပြနိုင်ဘူး…
တဖြည်းဖြည်းနဲ့တော့ အချိန်တွေကို ရောင်းစားနေရင်း
ငါတို့တွေ ခံနိုင်ရည် ထူးထည်လာနေပြီးနော်….။       ။

နရီထက်
( ၀၃ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

ကောင်းလိုက်တာဗျာ ကျနော်တို့ဘ၀လေးတွေပေါ့။
၊အားပေးသွားတယ်နော်။

commentinfo By: harris at Nov 3, 2011
Comment #2

အခိုးအငွေ့တွေက ပါးလွှားနေလေပြီး
ခေတ်နဂါးတွေက ၀ါးမျိုရုံသက်သက်လောက်ပါပဲ
ပြန်မထွေးထုတ်တော့ဘူး…
ခြေရာကြီးပေမဲ့ ရေအိုင်တွေက များတယ်
အပြောတွေက ရွှေမှုန်ကြဲနေပေမဲ့
လက်တွေ့က ဇကာပေါက်ဖြစ်ရတယ်

commentinfo By: May Kha at Nov 3, 2011
Comment #3

ပြေးလမ်းတွေကို စမ်းသပ်မောင်းနှင်ကြည့်လေ
ရေကြည်ရာ ရေနောက် မြက်နုရာ မြက်ခြောက်လည်း
ဇာတိခါးခါးကို ၀ါးမျိုသောက်နေရတယ်
ဝေးရစ်ခဲ့တဲ့ နေ့စွဲတွေက တစ်ချို့တစ်ဝက်နှစ်ပျက်တွေကို
အထီးကျန်မြို့ဟောင်းမှောင်ကျလေတယ်
ရေအေးလေးတစ်ခွက်လောက်နဲ့တော့
အိမ်မက်နိုးသန်းခေါင်ယံတစ္ဆေကောင်တွေက
မြို့ခံတပ်မကို လမ်းမပြနိုင်ဘူး…
တဖြည်းဖြည်းနဲ့တော့ အချိန်တွေကို ရောင်းစားနေရင်း
ငါတို့တွေ ခံနိုင်ရည် ထူးထည်လာနေပြီးနော်…
ကောင်းလိုက်တာဗျာ….

commentinfo By: sharon myorr myor at Nov 3, 2011
Comment #4

ပြေးလမ်းတွေကို စမ်းသပ်မောင်းနှင်ကြည့်လေ
ရေကြည်ရာ ရေနောက် မြက်နုရာ မြက်ခြောက်လည်း
ဇာတိခါးခါးကို ၀ါးမျိုသောက်နေရတယ်

ရေအေးလေးတစ်ခွက်လောက်နဲ့တော့
အိမ်မက်နိုးသန်းခေါင်ယံတစ္ဆေကောင်တွေက
မြို့ခံတပ်မကို လမ်းမပြနိုင်ဘူး…

တဖြည်းဖြည်းနဲ့တော့ အချိန်တွေကို ရောင်းစားနေရင်း
ငါတို့တွေ ခံနိုင်ရည် ထူးထည်လာနေပြီးနော်….။ ။ဒိစကားလုံးလေးတွေ ကြိုက်တယ်။ အတွေလေးတွေမိုက်တယ်..

commentinfo By: thuya at Nov 3, 2011
Comment #5

တိမ်းစောင်းလာတဲ့ အမြင်ဒီဂရီကြားမှာ
ကျဉ်းမြောင်းလာတဲ့ ဘောင်တွေများပြီး..
အခိုးအငွေ့တွေက ပါးလွှားနေလေပြီး
ခေတ်နဂါးတွေက ၀ါးမျိုရုံသက်သက်လောက်ပါပဲ
ပြန်မထွေးထုတ်တော့ဘူး…
ကြိုက်တယ်ဗျာ

commentinfo By: Village chat kyi at Nov 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment