Professional Authors

ရိုးရိုးသားသား ကြေကွဲတိမ်မြုပ်ခြင်း

ခေါင်းစဉ်မရှိတဲ့ ကောင်းကင်ကြီး
အပြာရောင်နောက်ခံလွင်ပြင်တစ်ခု
ပိုးပိုးပေါက်ပေါက် လင်းလက်လာတဲ့အတိတ်ထဲ
ပြေးလွှားလွင့်မျောနေတဲ့ စိတ်ကူးတွေ
ရိုးရိုးသားသားပဲ ထပ်မှားချင်မိသေးတယ်
ဆုံးရှုံးခဲ့တာ မဟုတ်ဘူး၊ လွတ်ကျခဲ့တာမဟုတ်ဘူး
ကိုယ့်အတ္တပဲ အရည်ကျိုသောက်မိခဲ့သူ
ရိုးရိုးသားသားပဲ ဝေးကွာတိမ်းမြုပ်ခဲ့သူ
ပြန်မပေးချင်တော့တဲ့ ပိုင်ဆိုင်လိုမှုအတွက်
နားကျည်းခါးသီးလည်း ဆက်ပြေးနေမိရင်း
ဒီလိုနဲ့..ရင့်ကျက်လာတဲ့ အချိန်တစ်ခု
ခေါင်းစဉ်မရှိတဲ့ ကောင်းကင်ကြီးထဲ
မိုးမှောင်တွေကျ တိမ်တွေငိုကြွေးနေခိုက်
လက်လွှတ်ခဲ့တာ မဟုတ်ဘူး၊ ကျောခိုင်းခဲ့တာမဟုတ်ဘူး
ကိုယ့်အမှန်တရားပဲ အရည်ကျိုဆေးဖော်ခဲ့သူ
ရိုးရိုးသားသားပဲ ကြေကွဲတိမ်မြုပ်ရင်း ။ ။

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

ရိုးရိုးသားသားပဲကြေကွဲတိမ်မြုပ်ဘူးတယ်..

commentinfo By: နတ်သမီး at Oct 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment