Professional Authors

အချစ်တဲ့လား အလင်းစက်လေး ဖူးပွင့်ခဲ့တယ်

အချစ်တဲ့လား အလင်းစက်လေး ဖူးပွင့်ခဲ့တယ်

 

တစ်ကမ္ဘာကြွေကျသွားတဲ့ညမှာ

ပျောက်ရှသွားတဲ့ ဖြစ်တည်မှုတိုင်းဟာ

ပြန်ကောက်မရနိုင်ဘဲ

မင်းရဲ့အမိန့်က သေခြင်းထက် ပိုပြင်းခဲ့တယ်။

 

မှော်ရုံတောကြီးရဲ့ အမှောင်ထုထဲ

အလင်းစက်လေးဆိုတာ

မင်းပေးခဲ့သမျှထဲမှာတော့

အခမ်းနားဆုံး လက်ဆောင်မွန်။

 

အဲ့သည့်အလင်းစက်လေးပေါ့

ငါ့အတွက် ဧဒင်ဝင်္ကဘာကြီးဖန်ဆင်းပေးလို့

တယုတယ သူ့ရင်ခွင်ထဲထွေးပွေ့ကာ

သိသိသာသာ သွေးအေးတတ်သလို

ကြင်ကြင်နာနာ နွေးထွေးလွန်းပြန်တယ်။

အနာဂတ်အတွက် အဘယ်သို့သော ပန်းသီးကိုမှ

မလိုလား၊ မတောင့်တ

အချစ်ကို ပုံဖေါ်ပြခိုင်းပါက

သူ့ရင်ဘတ်သူ ငုံ့ကြည့်လို့

မုသားနဲ့ လက်ဝါးချင်းရိုက်တတ်သူ။

 

သူ့အရိပ်အောက်မှာ

ကိုယ့်ကိုယ်ကို ပကတိ အရှိတိုင်း မြင်နိုင်သလောက်

သူကတော့ဖြင့် အရောင်မဲ့ သိမ်မွေ့စွာ ခက်ထန်လွန်းလို့

ဖမ်းဆုပ်ထားနိုင်ဖို့ရာ ခက်ခဲလှတယ်။

ကြီးကြီးကျယ်ကျယ် မတောက်ပတတ်ပေမယ့်

ငါ့ကမ္ဘာမှာ အလင်းလက်ဆုံး။

 

သူဟာ

ကိုယ်ယောင်ဖျောက်ကာ

ငါ့ နှလုံးသားသုဿန်မှာ

ဂီတသံစဉ်တွေ ဖျိုးဖျိုးဖျတ်ဖျတ် ပစ်ခွင်းခဲ့တဲ့

ရင်ဝှက်လေးသည်တော်။

 

ဝတ္ထုမမီတဲ့ မေတ္တာကောက်ကြောင်း

ကဗျာမသီနိုင်တဲ့ အလွမ်းလင်္ကာတို့အောက်

ငါ့ကို ညင်ညင်သာသာ အိပ်မွေ့ချလို့

စက္ကန့်တိုင်းကို လောဘတကြီး

သိမ်းပိုက်ထားနိုင်သူ။

 

နှစ်ချို့ဝိုင်လောက် မယစ်မူးရပေမယ့်

အာနိသင်က ငါ့ဝိညာဉ်ကို နှုတ်ယူနိုင်စွမ်း အပြည့်နဲ့

ကမ္ဘာသစ်ကို သူ့လက်ဖမိုးပ်ါတင်ရင်း

ဘ၀တစ်ခုဆီသို့ .. တဲ့

နှလုံးခုန်လေတိုင်း အသက်ရှူသံနှင့်ထပ်တူ

တမေ့တမော လှပစွာ

အတူလိုက်ပါ စီးမျောနေရင်း … … ။

 

 

 

မေခက်ဆူး

13 Mar 2012

5:50PM

In: ကဗျာ Posted By: Date: Mar 16, 2012
Comment #1

twar p,,
twar par p,,,
heart ko a g g hma a g g hti twar p.

commentinfo By: ei lay at Mar 16, 2012
Comment #2

အားပေးနေပါတယ် ခင်ဗျာ

commentinfo By: ဇေယ်ာ္ဇယ် at Jun 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment