Professional Authors

ဒါဟာအချစ်တဲ့လား

လန်းဆန်းတက်ကြွနေအောင် စိတ်ကိုမွေးမြူလို့ 
 နေ့ သစ်တခုကို ကြိုဆိုလိုက်တယ်
တနေ့ စာ..အလုပ် တနေ့ တာ..လုပ်လို့  တနေ့ တာ.. ၀န်ကိုပဲ ထမ်းနိုင်လို့ 
….
 ဒီတနေ့ တာအတွက် ၀မ်းနည်းစရာကြုံယင်
 သာမန်လူသား ငါလည်း ဘာသားနဲ့ ထုထားလည်း ငိုမှာပေါ့ 
….
 နေ့ ဆက်ရက်ရှည် ငိုခဲ့ လေသမျှ ရုပ်ကျလို့ (လှကလည်း လှချင်သေးတယ်လေ)
 ခုတော့ အလှမွေးလို့ မသေဆေးဖော် ရယ်သွမ်းသွေးလို့ သရော်နေတယ် (ကိုယ့် ကိုယ်ကို)
 ချစ်ချင်ဦးဟဲ့ ဒီတသက်ကိုဆိုပီး….
….
 ငိုခဲ့ တာများ သူများသိယင် ဟားစရာ (ဒီလိုလူတယောက်အတွက်)
ခုတော့  မတွေ့ ရယင် ပျော်တယ် ( အပြစ်ရှာတဲ့ မျက်လုံးတွေနဲ့ အဝေး)
မမြင်ရယင်ပြုံးတယ် (ပြုံးယုံကမလား…ခွိခွိခစ်ခစ် လူချစ်အောင်နေပလိုက်တယ်)
 မကြားရတာ ၀မ်းသာ ( မပိုင်ဆိုင်ရယင် လုံးလုံး အဆုံးခံ ပလိုက်မယ်..လွမ်းတယ်တွေ လာမရွှီးနဲ့ တကယ်မနီးစပ်နိုင်မှတော့) ပျားရည်နဲ့ ဝမ်းလာမချနဲ့ 
 စိုင်းထီးဆိုင်သီချင်းနဲ့ သင်ထားတဲ့ အချစ်ရဲ့ မှတ်ကျောက် သိတယ်ဟုတ် ( အချစ်မဟုတ်တော့ဘူးတဲ့ … သီချင်းအမည်က)
ပြောချင်ရာသာပြော…Physics သဘော အရွေ့ တခု ဖြစ်တယ်အထိ နင့် အာရုံမှာမညိမှတော့ 
နင်ကြိမ်ပြော မောမှာပေါ့ 
ဒါ အချစ်မှမဟုတ်တာ…

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

he,,he,,,
ha,,ha,,
rofl,,,
mike de kwar……..

commentinfo By: ei lay at Jan 16, 2012
Comment #2

ပြောချင်ရာသာပြော…Physics သဘော အရွေ့ တခု ဖြစ်တယ်အထိ နင့် အာရုံမှာမညိမှတော့ 
နင်ကြိမ်ပြော မောမှာပေါ့ 
ဒါ အချစ်မှမဟုတ်တာ…
သိပ်မိုက်

commentinfo By: အသဲကွဲမိုး at Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment