Professional Authors

ဒါက အချစ်တဲ့လား??

စိတ်ညစ်နေတာကို မကြည့်ရက်တာ၊ ပျော်ရွှင်စေချင်တာ၊ ဒဏ်ရာတွေ မရစေချင်တာ၊ လိုအပ်သမျှကို ဖြည့်ဆည်းပေးချင်တာ.. ဒါမျိုးတွေ လုပ်ပေးချင်တာကို အချစ်လို့ သတ်မှတ်ရမှာလား?

အင်း အချစ်ဖြစ်နေတယ်ဆိုရင်လဲ အမေတစ်ယောက်က သားတစ်ယောက်ကို ချစ်သလို ချစ်တာမျိုးပဲနေမှာပါ။(နှိုင်းတော့ မနှိုင်းကောင်းဘူးပေါ့)။ သေချာတာက ရယူလိုမှု့တို့ ပိုင်ဆိုင်ရမှတို့ ဆိုတဲ့ စိတ်နဲ့ ချစ်ခဲ့တာမှ မဟုတ်တာပဲ။

ပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာကို သိနေလို့လဲမဟုတ်ဘူး။ လိုချင်ရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားယူတတ်တာ ငါ့အကျင့်ဆိုတာ နင် ကောင်းကောင်းသိပြီးသားကို ဘာလို့ ဒီလိုမျိုးတွေထင်နေရတာလဲ။ ငါက နင့်ကိုဆို အမြဲစိတ်ပူတတ်တာ နင်အသိပဲ။ နင့်အကျင့်တွေ နင့်အကြိုက်တွေကို သိနေတာကိုက ငါ့အတွက် အရှုံးတွေပါပဲ။

နွေရာသီမှာဆို နင်အပူဒဏ်ကိုမခံနိုင်လို့ ထင်ရာလုပ်တတ်တာ ငါအသိပဲလေ။ ဒါမို့နောက်ကနေ အမြဲလိုက်ပြီး ကားအဲကွန်းကို အမြင့်ဆုံးထိ မဖွင့်ဖို့။ အဲကွန်းခန်းထဲက ထွက်ရင်လဲ အပူချိန်လေးညှိပြီး မှထွက်ဖို့။ ဓါတ်ဆားထုတ်သောက်ဖို့။ ခဏခဏ ရေမချိုးဖို့။ ချွေးထွက်မလွန်အောင်နေဖို့။ ဒါတွေ တတွတ်တွတ်လိုက်ပြီးပြောနေတာ နင့်ကို ချစ်လို့တဲ့လား။

မိုးရာသီမှာဆို မိုးရေကိုကြိုက်လို့ ခဏခဏ မိုးရေထဲကို ထီးမပါဘဲ ထွက်သွားတတ်တဲ့ နင်။ မိုးရေထဲထွက်ပြီး ပြန်လာရင် ဖျားတတ်တဲ့နင်။ ဆေးထိုး ဆေးသောက်ကြောက်တတ်တဲ့ နင်။ ဒါတွေသိလျက်နဲ့ငါက နင့်ကို ဖျားမှာဆိုးလို့ မိုးထဲမထွက်ဖို့တားတာက နင့်ကို ချစ်လို့တဲ့လား။

ဆောင်းရာသီရောက်ရင် ဘယ်လောက်အေးအေး အနွေးထည်ထူတွေ ထပ်ဝတ်ရတာကို စိတ်ရှုပ်တတ်တဲ့နင်။ ဘယ်လောက်အေးအေး ရေချိုးလိုက်ရမှ ကျေနပ်တဲ့နင့်။ ဆောင်းတွင်းမှာ အဆာမကြေတဲ့ ကောက်ညှင်းတွေစားပြီး ခဏခဏ အန်တတ်တဲ့နင်။ နှင်းထဲလမ်းလျှောက်ရင် ခေါင်းဆောင်းမပါဘဲ လျှောက်လို့ ခဏခဏ နှာစီးပြီး အမြဲဖျားတတ်တဲ့နင်။ လမ်းလျှောက်ရင် နင့်အတွက်ဦးထုပ်လေးယူပေးတာ။ နင်အအေးမိမှာဆိုးလို့ ငါကိုယ်တိုင် တဘက်လေးတွေ ထိုးပေးပြီး ပတ်စေတာတွေက နင့်ကိုချစ်လို့တဲ့လား။

အင်းလေ ဒီလိုဂရုစိုက်မှု့တွေကြောင့်ပဲ နင်လဲ နင့်ချစ်ရသူတွေနဲ့ ဝေးသွားရတလား။ ငါ့ကြောင့်လို့တော့ မစွပ်စွဲပါနဲ့။ ငါက အရင်ကတည်းက နင့်ကို ဂရုစိုက်မှု့တွေမှာ အသားတကျဖြစ်လာခဲ့တာ။ ဒီအချိန်ကျမှ ဘယ်လိုပြင်ရမလဲ။ နင့်ကို မချစ်နိုင်တာကလဲ အစကတည်းကပဲ။ ဒီလိုဂရုစိုက်မှု့တွေကသာ အချစ်ဆိုရင် ငါ့အချစ်က နင့်ကို ဖြူစင်စွာချစ်ခဲ့တာပါ။ ပိုင်ဆိုင်ဖို့တော့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ ငါက နင့်ကို အဆုံးရှုံးမခံနိုင်တာက ဒီကမ္ဘာမှာ ငါခင်တွယ်စရာလူတွေကို တစ်ယောက်ပြီးတစ်ယောက် ငါ့အနားက ထွက်မသွားစေချင်လို့ပါ။ ထင်ချင်ရာထင် ငါကတော့ နင့်ကို လိုက်ပြီး ဂရုစိုက်အုန်းမှာပဲ။

 

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

In: Others Posted By: Date: Jan 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment