Professional Authors

သိရဲ့လား…….

သူတစ်ယောက်ကောင်းစားဖို့အတွက်
သူတစ်ယောက်မှာနစ်နာခံရတယ်တဲ့
မင်းပျော်ဖို့အတွက် ငါဘဝပေးရဲပါတယ်………သက်ထားရယ်….
အဲဒါချစ်လို့ပါကွာ…………….(မင်းသိလား…ဟင်)

အနွန်နာခံ ချစ်နေတော့လည်း
ရိုးတယ်လို့ထင်တယ်
ပွင့်လင်းစွာ ချစ်ပြန်တော့လည်း
မကြိုက်ဘူးတဲ့..
ကဲ…….သက်ထား
ဘယ်လိုလုပ်ရမလဲ………….

သည်းခံလို့ ယောင်တက်တော့လည်း
ကြိတ်မှိတ်ကာ ချစ်နေဆဲ
အချစ်ဆိုတာ ဘယ်လိုလဲ……..

အဓိပါယ်တွေ မှိုလိုပေါက်အောင်ဖွဲ့
ဒီအချစ်ဆိုတဲ့ စကားနှစ်လုံး
လေးလုံးများရှိရင် ဘယ်လိုလုပ်ကြမလဲ………..

ဘဝဆိုတဲ့ စကားလုံး
ပြောတော့လွယ်သား ဖြတ်တော့ခက်လား
ကြိုမသိနိုင်တဲ့ မနက်ဖြန်များနဲ့
ကျန်ရစ်သွားတဲ့ မနေ့က များကို
တွေးရင်းနဲ့ အဖြေရှာ
အော်……….ခက်သားလား…………

စဉ်းစားဦးမယ်တဲ့
သုံးနေကျ မင်းစကား
မရိုးနိုင်ဘူးလား…….

စောင့်ရသူမှာ ရင်တွေမော
ချစ်စိတ်ဖျား မကုနိုင်တာခက်ရော
မျှော်တိုင်းဝေးတော့ မဖြစ်ပါရစေနဲ့……….

ရိုးသား၊သည်းခံတတ်တာ ဗီဇပါ
ပွင့်လင်းပြီး ချစ်တာကိုတော့
မင်းမှမသိတာ……….

ချစ်သမျှကို မင်းထိုင်ငိုလောက်အောင်
ပြောပြချင်သေး အချိန်မတန်သေးလို့
တမင်ဆွဲထားတာပါကွာ……

ယုံကြည်တာကို ခံချက်နဲ့တည်ဆောက်ဖို့
ဝန်းလေးနေသလား အမိ
အချစ်ရေးဆို အသက်ပေးပြီး
ချစ်မဲ့လူသားပါ……………

ရင်ခွင်ဟာ မင်းအတွက်
တစိမ့်စိမ့်တက်နေတဲ့ ငှက်ဖျားလို
ကိုယ်ရင်မှာလည်း အချစ်ဖျားတွေတက်နေပြီ…………

ချစ်တာကို နှစ်တာမထင်ဘဲ
တစ်သက်စာ ကိုယ်ကိုယ့်ဘဲ
ရွေးလိုက်ပါတော့လား…….

အချစ်ဆိုတာ ချစ်နေတတ်ဖို့ပါပဲ
ခနတာကို အချစ်စစ်တော့
မထင်လိုက်ပါနဲ့…အမိ

သူလေး သိအောင် poemsconer ရေ
ဖေးမလို့ ကူညီပေးပါလို့ ပြောရင်းနဲ့
ချစ်စွာသောချစ်သူလေးနဲ့ အတူတူနေနိုင်ပါစေသား…..
                                                                 စိုး………….

In: ကဗျာ Posted By: Date: Jan 31, 2012
Comment #1

အဓိပါယ်တွေ မှိုလိုပေါက်အောင်ဖွဲ့
ဒီအချစ်ဆိုတဲ့ စကားနှစ်လုံး
လေးလုံးများရှိရင် ဘယ်လိုလုပ်ကြမလဲ……….. ။

ဒီစာသားလေးကတော့ ကျွန်တော့် Heart ထိတယ်ဗျာ … အားပေးသွားပါတယ်နော်

Zero Boyz

commentinfo By: Zero Boyz at Jan 31, 2012
Comment #2

myan myan pyay par say

commentinfo By: ei lay at Jan 31, 2012
Comment #3

အရမ်း..ကောင်းတယ်ဗျာ..

commentinfo By: fighter at Jan 31, 2012
Comment #4

Thanks to Ko Zero Boyz, ma ei and fighter…..

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment