စုန်းမ (မင်းခိုက်စိုးစန်)
ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့ …
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ “ရွာသူ” ရေ …။
ရင်ခုန်သံတွေကိုပဲ ခေါစာ ပစ်လိုက်တယ် …
သခင်မ … ပျော်ပါ … ပါးပါ၊
စားပါ… သောက်ပါ၊
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း
အပြစ်က လွှတ်တော်မှုပါ။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ …။
မင်းခိုက်စိုးစန်
Sep 2003
———————————————
ဤကဗျာများအား စုစည်းပြီးပေးပို့သော ဆရာ ခွန်းချိုငြိမ်းချမ်း နှင့် တင်ဖို့အတွက် ခွင့်ပြုချက်ပေးသော ဆရာမင်းခိုက်စိုးစန်အား poemscorner မှ အထူးကျေးဇူးတင်ရှိပါသည်။
Comment #3
ဆယ့်နှစ်ကြိုးကဝေမတတ်ပေမဲ့….
ရင်ခုန်သံတွေကိုတော့ ခေါ်စာပြစ်ခဲ့ပါတယ်။
By: ဆောင်းနှင်းပန်း at Nov 26, 2011
Comment #4
ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့ …
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ “ရွာသူ” ရေ …။
ရင်ခုန်သံတွေကိုပဲ ခေါစာ ပစ်လိုက်တယ် …
သခင်မ … ပျော်ပါ … ပါးပါ၊
စားပါ… သောက်ပါ၊
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း
အပြစ်က လွှတ်တော်မှုပါ။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ …။
By: May Kha at Feb 13, 2012
Comment #5
အမြဲတမ်းအားပေးနေပါတယ်
ဆရာမင်းခိုက်စိုးစန်
By: loafer at Jul 26, 2012
Comment #6
a yann mike de kwar,
By: ei lay at Jul 27, 2012




Comment #1
‘Dကဗျာလေးကို သေလောက်အောင်ကြိုက်တယ်ဗျာ