Professional Authors

ကျွှန်တော် မဟုတ်တော့ ကျွှန်တော် နှင့် သူမ၏ Gravity

ကျွှန်တော်သည် အထီးကျန်စွာ

မိုးခါးရေ တစ်ခွက်အား ရှာဖွေနေသည်

ကြားနေကျအသံ၊ မြင်နေကျ အရာ တွေးနေကျအတွေး

ထိုအရာအားလုံး၏ ရှေ့မှောက်ရှိ

မှန်ထဲမှ ပြုံးပြနေသောသူသည်

ကျွှန်တော်မဟုတ်ပါ။

 

 

တကယ်တော့ ကျွှန်တော်သည်

ရက်စက်မှုဖြင့် လိမ်လည် လှည့်ဖြားမှူအား

ကျောခိုင်းသွားသော အရူးတစ်ယောက်သာဖြစ်သည်

 

 

ခြေရာတွေကို ပြန်ငေးရင်း

နောက်တွင် အရိပ်သဖွယ်ကပ်ပါလာသော

ဆိုးသွမ်းခြင်းနှင့် ရူးသွပ်မှုအား

မိုးတဖွားဖွားအောက်တွင် ဆေးတရှိုက်နှင့်

စကားလက်ဆုံပြေမိသည်

 

 

တစ်ခါတစ်ခါ ကျဆုံးမှူအောက်တွင် 

Gravity ကိုရှာဖွေတွေ့ရှိသူ

Issac Newton အားနရင်းအုပ်ချင်သည်

သူတို့လည်း သဘောတူသည်

တကယ်တော့ ကမ္ဘာကျော်တွေးနေသူ ရုပ်တုမှာ

ငပျင်းတစ်ကောင်သာ ဖြစ်သည်

 

 

စဉ်းစားကြည့်လျှင် ငါသည်ငါသာဖြစ်သည်

တစ်ခါတစ်ရံ

အံကြိတ်ပြီးခေါင်းငုံ့ လိုက်ရတဲ့အချိန်နှင့်

အားတင်းပြီးခေါင်းမော့လိုက်ရတဲ့အချိန်တွေမှာ

မာနဆိုတာ ရှိစမြဲပါ

ပြုတ်ထွက်သွားသော နှလုံးသားတစ်စုံနှင့်

ကျိုးကြေသွားသော အိမ်မက်အပိုင်းအစများအကြား

တစ္ဆေအို တဖွယ်ငါသည်

ခြေဦးတည်ရာလျှောက်လှမ်းသည်

သူမ၏ မာယာသစဉ်အောက်တွင်

နှလုံးသားကိုဗုံတီးကာ

တစ်ဦးတည်း အထီးကျန်စွာ ကခုန်ဖူးသည်

တကယ်ဆို မာနနှင့်ကော်ဖီခါးတခွက်သည်

သူမအတွက်သာ ထားရှိသော

Menu ဖြစ်သည်

 

 

ဘာပဲဖြစ်ဖြစ် အဆုံး၌်

နောင်တနှင့် မျက်ရည်ရောစပ်ထားသော အရည်သည်

ငါမသောက်သော အဆိပ်ခွက်တစ်ခွက်သာဖြစ်သည

In: ကဗျာ Posted By: Date: Apr 12, 2013
Comment #1

ဖတ်သွား ခံစား သွား တယ်ဗျ

commentinfo By: အသဲကွဲမိုး at Apr 12, 2013
Comment #2

ကျေးဇူး ပါ။

commentinfo By: marshall at Apr 12, 2013
Comment #3

ကောင်းတယ်ဗျာ

commentinfo By: rhynaung at Apr 12, 2013
Comment #4

ပထမ ဆုံး ရေးဖူးတဲ့ ကဗျာဆိုတော့ သီးခံပြီး ဖတ်ပေးကြပါ။

commentinfo By: marshall at Apr 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment