Professional Authors

စိတ်ဓာတ်တွေအရ

ငမိုးရိပ်တစ်ဘက်ကမ်းက လာတယ်
အံ့မခန်း အရည်အသွေးတွေနဲ့
တစ်ကယ့်ကို ခင်ဗျားတို့အတွက် အဆန်းတကြယ်
ဟောဒီမယ်
တမ်းတမ်းတတ
လက်ဖျားခါလောက်တဲ့ လျှမ်းလျှမ်းတောက်တွေဆို
သူ့လမ်းသူဖောက်ခဲ့တာချည်းပဲ
မင်းလည်း မင်းလမ်းမင်းလျှောက် အာရုံနောက်စရာလား
အရပ်ပြောစကားတွေ နားထောင်ကြည့်တဲ့အခါ
အမှန်အမှား ဆိုတာလည်း
တစ်ခါတစ်ခါ
မီးများမီးနိုင် ရေများရေနိုင်ပဲမဟုတ်လား
ဒီတော့ လွမ်းမနေတော့ဘူး
အများသဘောတူလို့  ကို ကျွဲ ဖတ်
အုပ်စုဖွဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ
ခါတော်မီတွေရဲ့ ကြားမှာဆို
ဘယ်တော့ဖြစ်ဖြစ်
အစစ်တွေက အရောင်ပိုထွက်နေခဲ့
အစစ်တွေက အရောင်ပိုထွက်နေဆဲ
အစစ်တွေက အရောင်ပိုထွက်နေလိမ့်မယ်
စိတ်ဓာတ်တွေ ကွာခြားလွန်းတာကြောင့်။

In: ကဗျာ Posted By: Date: Oct 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment