အိမ်မက်ပတ်လမ်း ပျောက်နေခဲ့တဲ့ကမ္ဘာ
ဝး၀၀ မဆုံနိုင်တော့ဘူးဆိုတဲ့အသိနဲ့ တင်
အလင်းနစ်ထောင်ပေါင်းများစွာ
ဝေးကျန်နေပေးခဲ့တာပါ
နှုတ်ခမ်းလေးဖွဖွကိုက်
ခပ်မိုက်မိုက်လေးခေါင်းငိုက်စိုက်လျှက်ပေါ့
ဝး၀၁ နင်က……..
ငါ့ကမ္ဘာက လှမ်းမမြင်ရတဲ့ဂြိုဟ်ရံလ
ငါ့ကောင်းကင်ရာသီနဲ့ မပွင့်ဖူးခဲ့တဲ့ကြယ်ရောင်ပန်း
အခုတော့………
ရင်ဘတ်တွေ သွေးချင်းချင်းနီတယ်
(ကြည့်လိုက်စမ်းပါဦး……..)
ဝး၀၂ နင်မရှိတော့တဲ့ကမ္ဘာ………
အိမ်မက်တွေပတ်လမ်းပျောက်
ဒီလမ်းတွေဘာလို့ ကွေ့ ကောက်နေခဲ့တာလဲ
မိုးခါးရေတွေ တစ်ခွက်ပြီးတစ်ခွက်…….
တစ်ခွက်ပြီး…..တစ်ခွက်……….
တစ်ခွက်ပြီး…………………
…………..တစ်ခွက်
မော့………
……………..သောက်……
……………………………….
(ငါ………)
ဒီကမ္ဘာပေါ်က ကွယ်ပျောက်သွားချင်တယ်
ဝး၀၃ မဆုံနိုင်တော့ဘူးဆိုတဲ့အသိနဲ့ တင်
အလင်းနစ်ထောင်ပေါင်းများစွာ
ဝေးကျန်နေပေးခဲ့တာပါဗျာ
နှုတ်ခမ်းလေးဖွဖွကိုက်
ခပ်………………
မိုက်……………..
မိုက်လေး…………
…………………………..
ခေါင်း……….
ငိုက်……….
စိုက်လျှက်ပေါ့………….။ ။
Comment #3
နင်က……..
ငါ့ကမ္ဘာက လှမ်းမမြင်ရတဲ့ဂြိုဟ်ရံလ
ငါ့ကောင်းကင်ရာသီနဲ့ မပွင့်ဖူးခဲ့တဲ့ကြယ်ရောင်ပန်း
အခုတော့………
ရင်ဘတ်တွေ သွေးချင်းချင်းနီတယ်
–ကောင်းလိုက်တာဗျာ
By: Nainggye at Nov 1, 2010
Comment #4
ဟုတ်ကဲ့ပါခင်ဗျာ….အစ်ကိုတော်nainggyeရေ….ကျွန်တော့်ကဗျာတွေမှာလိုအပ်တာတွေရှိရင်လဲ
အားမနာတမ်းထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ…..ကျေးဇူးအများကြီးတင်ပါတယ်……
By: moehtetaung18 at Nov 1, 2010
Comment #7
ဟုတ်ကဲ့ပါအကိုmoezatရေ….ပျောက်ပါဘူးဗျ……အစ်ကိုza ta gwel ကိုလဲကျေးဇူးတင်ပါတယ်ဗျာ….
By: moehtetaung18 at Nov 2, 2010




Comment #1
ဒါလဲမိုက်တယ်..။။။