Professional Authors

အဆိုးမြင်

အဆိုးမြင်

ကိုယ့်စိတ်ဓါတ်တွေ ကိုယ်သိလို့

အင်္ကျီအဖြူရောင် မဝတ်တာတောင်ကြာပြီ

ကိုယ့်အတ္တတွေ ကိုယ်မြင်လို့

ကော်ဖီထဲ ထည့်မသောက်ဖြစ်အောင်

သိမ်းထားနေရတယ်။

ကိုယ့်အရိပ်တွေ ကိုယ်ကြောက်လာလို့

တူတူပုန်းတမ်းလဲ မကစားရဲဘူး။

အမှားတွေနဲ့ နေလာတာကြာတော့လဲ

အမှန်ဆိုတာ ကြားဖူးရုံပဲ

အမှားနဲ့အမှန်ဆိုရင်

အမှားကိုသိတယ် အမှန်ကိုမမြင်ဘူး

Choice the correct answer ဆိုတဲ့

မေးခွန်းကို သိပ်ကြိုက်တယ်

အမှန်တွေ သိလို့တော့မဟုတ်ဘူး

အမှားတွေကိုရွေးတက်နေလို့

အမှန်ကို ရချင်ရင်တော့

ကိုယ်ရွေးထားတဲ့ အမှားတွေပယ်လိုက်ရုံပေါ့။      ။

 

Eureka (ယူရေကာ)

In: ကဗျာ Posted By: Date: Apr 12, 2013
Comment #1

အမှန်ကို ရချင်ရင်တော့
ကိုယ်ရွေးထားတဲ့ အမှားတွေပယ်လိုက်ရုံပေါ့

အမှားပယ်လိုက်ရုံပေါ့ … မိုက်တယ်

commentinfo By: မေပျို at Apr 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment