Professional Authors

ဆန္ဒ-၁

မင်းရဲ့ ချစ်ခြင်းမျက်နှာဖုံးကို
ခွာကြည့်ရင်
အောက်မှာ
အောက်သိုးသိုး
အပိုင်းအစတွေ ပြန့်ကြဲနေတာကိုပဲ
ငါမြင်ရတယ်

ကျေးဇူးပြုပြီး
မျက်နှာဖုံးကိုခွာ
မြင်အောင်ကြည့်ပါ

မျက်ကန်းအချစ်ကို
ငါ မလိုလားတာတော့
အမှန်……….

မြင်အောင်ကြည့်ပြီး
သေချာအောင်
ဆုံးဖြတ်ပါ

အဖြေအတွက်
ငါအားမွေးထားတယ်……….

Comment #1

အောက်သိုးသိုး
အပိုင်းအစတွေ ပြန့်ကြဲနေပြီဆိုတော.
ဒိတ်အောက်နေတာဖြစ်မယ်ဟ
မစားနဲ.တော.နော်……
ရောဂါရမယ်

commentinfo By: homerungirl1 at Jan 6, 2011
Comment #2

shin ka arr myay nay pi pop

commentinfo By: moesatlay at Jan 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment