Professional Authors

ဘ၀ဖော် – နရီထက်

မြင်စက ကြင်စလို့
ထင်မှတ်ခဲ့ကြတယ်
ပင့်ကရ စကားလုံးကြား
လေယိမ်းအောင် လုပ်တတ်ကြလို့
ယိမ်းနွဲ့လိုက် ကပ်ပါလိုက်နဲ့ရယ်။

ရေရှည်မှာ လက်တွဲရမှာဖို့
ကြိုသိမြင်ခွင့်
များများစားစားမရှိခဲ့တော့
ဘ၀မှားရင်တော့
ကံကို ပုံကြတယ်
ရင်နာရင်တော့
အစကလို့ ပြောတတ်ကြတယ်

တစ်ခရီးသွားကြမယ့်
ခရီးသည်တွေရယ်
လှော်တက်တော့ လှော်ခဲ့ကြတယ်
အားပြိုင်တွေကြား
အားနည်းကာ ခိုခဲ့သူလည်း
ပါခဲ့ပါတယ်
သံပြိုင်ဟစ်လို့ ပန်းမ၀င်ခဲ့မှာ
လက်မြောက်ခဲ့သူလည်း
များခဲ့ပါတယ်
မဆုတ်မနစ် ဇွဲစကို
စွဲမြဲကိုင်လို့ မလျှော့မနှစ်
ဆက်ခရီးသည်တွေလည်း
လိုက်ခဲ့ပါတယ်။

တုံ့ပြန်မှုရဲ့ နိယာမက
ဘ၀ဖော်ရဲ့ ပုံသေနည်းပါ
အကျိုးအပဲ့ကို အားပြုတော့
ရှေ့ဆက်ဖို့ အားပြုရတယ်
အကန်းကို ရှေ့ဆက်ဖို့
တွန်းဖို့တော့ လှမ်းမြင်အောင်
လမ်းပြခဲ့ရတယ်
အဆိုးက ရန်သူပြုတော့
ပြသနာတွေလည်း
ရှင်းခဲ့ရတယ်
သည် ခရီးဝယ်။

သည်းခံမှုက အောင်မြင်ခြင်း
မေတ္တာသည်သာ အေးချမ်းခြင်း
သည်စကားတွေကြား
ပေးဆပ်လိုက်ကြတာက
စွန့်လွတ်ခြင်းတွေ
စွန့်ပစ်ခြင်းတွေ
စွန့်ပစ်ခံတွေ
ဖြစ်ခဲ့ရလား
အို . . . ခရီးသည်။

ခရီးတစ်ထောက်မှာ
သဲကန္တာရတွေက
များလှပါပြီး
ဆူးပင်တွေကလည်း
အမြဲ အမြဲ ရှင်သန်နေကြတယ်
အိုအေစစ်ကို တွေ့ဖို့
ရှေ့ ခရီးက
ဘယ်နားဝယ်
အို .  . . ခရီးသည်တွေရယ်။

ရောက်တော့မလိုနဲ့
ရှေ့ခရီးက ထင်သလောက်
မိုင်ရေက ပိုများနေတယ်
ကြမ်းတမ်းတဲ့ သည်ခရီးဝယ်
ဘ၀ဖော်တွေက
စိတ်ဝမ်းကွဲနေမှဖြင့်
ကျန်ခရီးသည်တွေက
စိတ်ချမ်းသာမှာတဲ့လား
ရှေ့ဆက်ဖို့ ကြံကာမှ
နောက်မှာ ကျန်ကျန်နေသလို့ပဲ
သည်. . .ခရီးရယ်။

ကြင်စဖေးကူ
လက်တွဲဖော်အား
ညီညွတ်ပါမှ
ခရီးသည်တစ်ယောက်ရဲ့
အရည်အချင်းပြည့်ဝပေမည်
ရှေ့ခရီးသို့. . .
ဘ၀ဖော်ရယ်. . .။     ။

နရီထက်
( ၂၂ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 22, 2010
Comment #1

Wow!
Bravo!
😀

commentinfo By: ကိုဇင် at Nov 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment