Professional Authors

ကြွေရုပ် – နရီထက်

တည်ငြိမ်ခြင်းကို သူ… ယူဆောင်လာလေသလား
နှစ်သက်စရာ နှုတ်ခမ်းသားတွေက အပြုံးကို ဖွင့်ဟစေတယ်
အသိတစ်ချို့နှင့် အိနြေ္ဒကြီးကြီး သူ နေနေပြီးလား
ဟန်ဆောင်ခြင်းကို ခံစားတတ်အောင် သင်တတ်ခဲ့ပြီး
မိုးတွေ ပြိုကျမှာ မကြောက်ဘူး
မိုးမမြင်လေမမြင် သူ.. ဖြတ်သန်းခဲ့တယ်
အေးချမ်းတဲ့ သူ့ဘ၀လေးမှာ အလင်းတွေဟာ မီးစာပါ
မီးစာတွေ အရည်ပျော်ကွယ်ပျောက်ရင်တောင်
သူမှာ နှစ်သိမ့်တတ်တဲ့ အနမ်းတွေ ရှိတယ်
ရင်ထဲမှာ ပူပန်စရာရမရှိဘူး…
မင်း… မငိုနဲ့ သူ့အပြုံးတွေ လှတယ်
မင်း… ၀မ်းနည်းနေမနဲ့.. သူ့ဘ၀လေးက လှတယ်
ပန်းခင်းလေးထဲမှာ သူ…. လှနေတယ်
နံနက်ခင်းတွေက သူ့ပိုင်ဆိုင်ခြင်းတွေပဲ
မေတ္တာတရားတွေနှင့် ဖြန့်ကျက်ထားတဲ့ လင်းအာရုဏ်ဦးဟာ
သူအတွက် အဖော်လုပ်ပေးနေကြပါ….
မင်းတို့ … မင်းတို့ မရှိတဲ့ နေရာဝေးမှာ…
သူ…. ပျော်ရွှင်မှုကို အာရုံခံစားတတ်နေပြီး
တစ်ပါးသူကို ရောင်းစားမခံချင်ဘူး..
သူကိုယ်တိုင် တိတ်တဆိတ် သူ့သခင်ဆီ သွားနေချေပြီး
ငြိမ်းချမ်းခြင်းကို… ဖန်ဆင်းစရာမလို
သူကိုယ်တိုင်… ရှာဖွေတတ်နေပြီး..

မင်း …. မငိုနဲ့နော်… သူ ပြုံးတတ်နေပြီး…။     ။

နရီထက်
( ၁၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Nov 18, 2011
Comment #1

ကောင်းတယ် ခံစားချက် ပြင်းတယ်…ခံစားချက်နဲ့ ရေးထားတော့ ဖတ်လို့ ကောင်းတယ် ..ကိုကြီး
တည်ငြိမ်ခြင်းကို သူ… ယူဆောင်လာလေသလား
နှစ်သက်စရာ နှုတ်ခမ်းသားတွေက အပြုံးကို ဖွင့်ဟစေတယ်
အသိတစ်ချို့နှင့် အိနြေ္ဒကြီးကြီး သူ နေနေပြီးလား
ဟန်ဆောင်ခြင်းကို ခံစားတတ်အောင် သင်တတ်ခဲ့ပြီး
မိုးတွေ ပြိုကျမှာ မကြောက်ဘူး
မိုးမမြင်လေမမြင် သူ.. ဖြတ်သန်းခဲ့တယ်
အေးချမ်းတဲ့ သူ့ဘ၀လေးမှာ အလင်းတွေဟာ မီးစာပါ
မီးစာတွေ အရည်ပျော်ကွယ်ပျောက်ရင်တောင်
သူမှာ နှစ်သိမ့်တတ်တဲ့ အနမ်းတွေ ရှိတယ်
ရင်ထဲမှာ ပူပန်စရာရမရှိဘူး…
မင်း… မငိုနဲ့ သူ့အပြုံးတွေ လှတယ်
မင်း… ၀မ်းနည်းနေမနဲ့.. သူ့ဘ၀လေးက လှတယ်
ပန်းခင်းလေးထဲမှာ သူ…. လှနေတယ်
နံနက်ခင်းတွေက သူ့ပိုင်ဆိုင်ခြင်းတွေပဲ
မေတ္တာတရားတွေနှင့် ဖြန့်ကျက်ထားတဲ့ လင်းအာရုဏ်ဦးဟာ
သူအတွက် အဖော်လုပ်ပေးနေကြပါ….
မင်းတို့ … မင်းတို့ မရှိတဲ့ နေရာဝေးမှာ…
သူ…. ပျော်ရွှင်မှုကို အာရုံခံစားတတ်နေပြီး
တစ်ပါးသူကို ရောင်းစားမခံချင်ဘူး..
သူကိုယ်တိုင် တိတ်တဆိတ် သူ့သခင်ဆီ သွားနေချေပြီး
ငြိမ်းချမ်းခြင်းကို… ဖန်ဆင်းစရာမလို
သူကိုယ်တိုင်… ရှာဖွေတတ်နေပြီး..

မင်း …. မငိုနဲ့နော်… သူ ပြုံးတတ်နေပြီး…။ ။အစကနေ အဆုံးထိကြိုက်တယ်။

commentinfo By: thuya at Nov 18, 2011
Comment #2

အေးချမ်းတဲ့ သူ့ဘ၀လေးမှာ အလင်းတွေဟာ မီးစာပါ
မီးစာတွေ အရည်ပျော်ကွယ်ပျောက်ရင်တောင်
သူမှာ နှစ်သိမ့်တတ်တဲ့ အနမ်းတွေ ရှိတယ်

commentinfo By: harris at Nov 18, 2011
Comment #3

မင်း …. မငိုနဲ့နော်… သူ ပြုံးတတ်နေပြီး…။ ။

Comment #4

ကောင်းတယ်ဗျာ …. ကြိုက်တယ် ….

နံနက်ခင်းတွေက သူ့ပိုင်ဆိုင်ခြင်းတွေပဲ
မေတ္တာတရားတွေနှင့် ဖြန့်ကျက်ထားတဲ့ လင်းအာရုဏ်ဦးဟာ
သူအတွက် အဖော်လုပ်ပေးနေကြပါ….

ရိုးရှင်းစွာနဲ့ လှနေတာ ကဗျာလေးက

commentinfo By: ယောနသံ at Nov 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment