Professional Authors

အိုးဝေသံပေး လွတ်လပ်ရေး

 

အကျဉ်းခန်းထဲက အမှောင်ကမ္ဘာကို
ထုချေပျက်စီးဖို့ စိတ်ဓာတ်တို့နဲ့
တည်ဆောက်ပေးခဲ့ မလိုအပ်တဲ့
နှိပ်စက်မှုတွေက ဘဝအတွက်
ခံနိုင်ဖြစ်စေတဲ့ က ဒေါင်းတို့ရဲ့
ခရီးတထောင့် လောကဓံတခုပေါ့…။


မတရားမှုတွေ အောက်ခြေအမြစ်ပိုင်းမှာ
တွယ်ကပ်နေတဲ့ သူ ရူးတွေရဲ့ စနစ်အောက်
ဖြူစင်တဲ့ ရေသောက်မြစ်တွေ
အဆိပ်တက်လို့ ဒဏ်ရာတွေ ပြင်းထန်စွာ
ခံစားနစ်နာရင်း နှစ်ပရိစ္ဆေဒတွေ
အနိစ္စရောက်ခဲ့ကြ အမှန်တရားကို
မနိုင်တော့တဲ့ စစ်မက်ရူးသွပ်ခြင်း
သူ့အသိုင်းဝိုင်းက စစ်တုရင်ကစားသလို
အတက်အကျ စစ်မြူစွယ်ခဲ့လို့
ထိုးကျလာတဲ့ အခင်းအကျင်း
ဗျူဟာနည်းစနစ်တွေက
အလှ ဒေါင်းကလေးတွေအောက်
ကျဆုံးသွားလို့ ပျော်မဆုံးတဲ့
အိုးဝေ အိုးဝေဆိုတဲ့ သံစဉ်အောက်
က ဒေါင်းကလေးများ အနိုင်ရခဲ့ပြီ…။


ကာရံတွေနဲ့ စည်းတားနှောင်ဖွဲ့ရင်း
လှောင်ချိုင့်တွေလည်း ဖွင့်ဟလာပြီ
ဒဏ်ရာတွေနဲ့ ရုန်းကန်နိုးကြားလာတဲ့
နေရောက်ခြည်အောက် ခွန်အားတွေအပြည့်
အိုးဝေသံပေးတဲ့ က ဒေါင်းကလေးတွေ
အတောင်ပံဖြန့်လို့ လွတ်လပ်ရေး
ကောင်းကင်ကို ပျံသန်းခဲ့ကြတာ
အနာဂတ် မျိုးဆက်သစ် အက ကောင်းစေတဲ့
က ဒေါင်းလေးတွေအတွက်ပါ..။


ညီညွတ်ရေးဆို သူ တေးဆိုနေပါရဲ့
အာဏာရှင်စနစ် ပျက်သိမ်းရေးဆို
က ဒေါင်းတွေ သွေးစီးပါစေတဲ့
ငြိမ်းချမ်းရေးဆို သူ အက ပိုခဲ့
လွတ်လပ်ရေးဆို အိုးဝေ အိုးဝေလို့
တွန်ကျူးရင်းနဲ့ ဘဝကျောင်းမှာ
ဇရာအိုထောင်းပါစေ က ဒေါင်းတို့
ဘဝ မညောင်းသော အတောင်နှစ်ဖက်နဲ့
ဖြန့်ကျက်လို့ တောင်းဆိုနေမယ် လွတ်လပ်ရေး…။ 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Jan 14, 2012
Comment #1

ညီညွတ်ရေးဆို သူ တေးဆိုနေပါရဲ့
အာဏာရှင်စနစ် ပျက်သိမ်းရေးဆို
က ဒေါင်းတွေ သွေးစီးပါစေတဲ့
ငြိမ်းချမ်းရေးဆို သူ အက ပိုခဲ့
လွတ်လပ်ရေးဆို အိုဝေ အိုဝေလို့
တွန်ကျူးရင်းနဲ့ ဘဝကျောင်းမှာ
ဇရာအိုထောင်းပါစေ က ဒေါင်းတို့
ဘဝ မညောင်းသော အတောင်နှစ်ဖက်နဲ့
ဖြန့်ကျက်လို့ တောင်းဆိုနေမယ် လွတ်လပ်ရေး…။
သိပ်ကောင်းဗျာ

commentinfo By: အသဲကွဲမိုး at Jan 14, 2012
Comment #2

အသဲကွဲမိုးရေ အခုလို အားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ

commentinfo By: venpunna at Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment