Professional Authors

သူသိအောင်………

နှလုံးသားထဲက မပျောက်နိုင်သော ဒဏ်ရာ
အဆုံးမရှိတဲ့ ငါတို့နှစ်ယောက် ဇာတ်လမ်း
ဘယ်တော့များမှ အဆုံးသတ်ပါမလဲ…

အမုန်းမရှိ သက်ဆုံးထိအောင်
ဖြူစင်စွာ ချစ်ခဲ့တာဟာ
ဖူးခဲ့ဖူးတဲ့ အနမ်းတွေက
သက်သေပါ….

မင်းမရှိတဲ့ ၁၄ရက်
ဒုက္ခတွေ အသီသီနဲ့
အလွမ်းဆိုတဲ့ ဒုက္ခက
ခေါင်းထဲကို ထိုးနှက်
မေ့မရတဲ့ မင်းမျက်နှာက
မျက်ဝန်းထဲက မထွက်ဘူးကွာ…

နှလုံးသားနဲ့ရင်းပြီး
အချစ်တိုက်ပွဲဝင်ခဲ့တာပါ
အင်အားမမျှ
လက်နက်လည်းမပါ
အချစ်ဆိုတဲ့ ယုံကြည်နဲ့
မမုန်းမရှိဘဲ ချစ်ခဲ့တာပါကွာ….

ဘယ်သူကို လူကြုံပေးရမှန်းမသိတဲ့
အလွမ်းတွေကို သိမ်းထားဆဲပါ
ထိနမ်းရခဲ့တဲ့ အနမ်းကိုလည်း
ထာဝရ သိမ်းထားဆဲပါ
တသက်မမေ့ အပြုံးတစ်ချက်ကိုလည်း
မြင်ချင်နေတုန်းပါ….

ကုစားမရတဲ့ အချစ်တစ်ခု
ပြာချအောင်လည်း မလွယ်
နှုတ်ယူမရတဲ့ အချစ်ဆူး
တစ်ဆစ်ဆစ်နဲ့ ကိုက်နေဆဲပဲ…

အရင်တိုင်းပဲ ချစ်နေတာ
အလွမ်းတွေနဲ့ပါ
ချစ်မိတာ မှားတာလား
မတွေ့ကြရင် ကောင်းသား
မေ့မရတော့ ခက်ဖူးလား…..

ချစ်သူမရှိတဲ့ ဘဝတစ်ခု
နှင်းပြင်လယ်မှာ
အနွေးထည်မပါဘဲ
လမ်းလျောက်ရသလိုပဲ
တဖြည်းဖြည်း အေးခဲလာတယ်……..
 
အချစ်မရှိတဲ့ ဘဝတစ်ခုကို သူငယ်ချင်းများနှင့် မျှဝေရင်း
                                                                        စိုး………….

In: ကဗျာ Posted By: Date: Feb 14, 2012
Comment #1

r pay twar par d.

commentinfo By: ei lay at Feb 14, 2012
Comment #2

နှလုံးသားထဲက မပျောက်နိုင်သော ဒဏ်ရာ
အဆုံးမရှိတဲ့ ငါတို့နှစ်ယောက် ဇာတ်လမ်း
ဘယ်တော့များမှ အဆုံးသတ်ပါမလဲ…

အမုန်းမရှိ သက်ဆုံးထိအောင်
ဖြူစင်စွာ ချစ်ခဲ့တာဟာ
ဖူးခဲ့ဖူးတဲ့ အနမ်းတွေက
သက်သေပါ…

ဒီ နှစ်ပိုဒ် ကိုတော့ အကြိုက်ဆုံး

commentinfo By: kantkawmg at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment