Professional Authors

လောင်တိုက်

အပူလောင်မြိုက်ပြီး
ရင်မှာမှောင်မိုက်နေတာတောင်
ငါရဲ့လောင်တိုက်ကို
နှစ်ခြိုက်လို့နေတုန်း…
သေခြင်းကိုဖုန်းကွယ်ထားတဲ့
မိန်းမောခြင်းပုရိပိုဒ်တစ်စောင်
ငါရဲ့ရင်ဘတ်ထဲ
ခွေခွေလေးအိပ်နေလေရဲ့….။
ခန္ဓာငါးပါးရဲ့ဖြစ်ခြင်းပျက်ခြင်းတရား
ဘ၀တဏှာနဲ့ဇရာသံသရာကြား
နှစ်လိုက်ပေါ်လိုက်
လောင်တိုက်ရဲ့မီးစာတွေ
ငါ့အပေါ်လွင့်လာတာတောင်
ငါမနှိုးထသေးဘူး….။
ချစ်ခြင်းရဲ့ခေါ်င်းစဉ်အောက်က
အဆုံးမဲ့တဏှာ
ဝေဒနာများသာ
ငါ့အပေါ်ကျဲချခဲ့တယ်

In: ကဗျာ Posted By: Date: Oct 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment