Professional Authors

ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။

နင် ဘယ်သွားသွား ငါ မတားလိုဘူး
နင့်ခြေလှမ်းတွေတိုင်း ထပ်ကြပ်မကွာလိုက်
နင် ရောက်နေရာအရပ်သို့
ငါ အရောက်လှမ်းနိုင်ဖို့
ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။

နင် ဘာတွေလုပ်လုပ် ငါ မကန့်ကွက်လိုဘူး
နင် ပြုမူသမျှအရာရာကို
ငါ့ရင်ခွင်က ကျေနပ်
အမြဲခွင့်လွတ်နားလည်ပေးဖို့
အချိန်တိုင်းလိုလို ကြိုးစား…..အပြစ်မမြင်တတ်တဲ့စိတ်တွေသာ ထပ်မံမွေးဖွားနိုင်ဖို့
ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။

နင် ငါ့ကို ဘယ်လောက်ပဲ အလွမ်းတွေပေးပါစေ
ငါ ဗွေမယူနိုင်ခဲ့ဘူး
နင်ပေးတဲ့ အမှတ်တရတွေ ငါ့စိတ်ထဲမှာထည့်
သတိရခြင်းတွေ ငါ့ကောင်းကင်တစ်ခွင်မှာ ဆွဲချိတ်ရင်း
နင့် အတွက်ပဲ တည်ရှိနေတတ်ဖို့
ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။

နင် ငါ့ကို ဘယ်အထိချစ်မှာလဲ ငါမမေးလိုဘူး
နင် အလိုရှိတဲ့အချိန်တွေထိ ငါ ပေးဆပ်
နင် မလိုအပ်တော့တဲ့ငါ ဘေးထွက်ပေးရင်း
နောင်ဘ၀ဆိုတာရှိခဲ့ရင်တောင်
နင့်ကို အမြဲချစ်နေရဖို့ဆုတောင်း
ငါ့ဖြစ်တည်မှုတိုင်းအား နင့်ကိုချစ်သောဘ၀တစ်ခုနဲ့ တည်ဆောက်နိုင်ဖို့
ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။       ။

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

နင် ငါ့ကို ဘယ်လောက်ပဲ အလွမ်းတွေပေးပါစေ
ငါ ဗွေမယူနိုင်ခဲ့ဘူး
နင်ပေးတဲ့ အမှတ်တရတွေ ငါ့စိတ်ထဲမှာထည့်
သတိရခြင်းတွေ ငါ့ကောင်းကင်တစ်ခွင်မှာ ဆွဲချိတ်ရင်း
နင့် အတွက်ပဲ တည်ရှိနေတတ်ဖို့
ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။
..
ကေ..ရေ..သေလို့ရတယ်ကဗျာလေး..မိုက်တယ်

commentinfo By: အသဲကွဲမိုး at Oct 7, 2011
Comment #2

ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။ ။

commentinfo By: တိမ်တိုက် at Oct 7, 2011
Comment #3

ခံစားချက်အရမ်းပျင်းတယ်လို့မြင်မိပါတယ်။

အားပေးသွားပါတယ်ဗျာ

commentinfo By: ကြယ်စစ်သည် at Oct 8, 2011
Comment #4

har,,,,,
kwat ti pe…
thz so much.
thz so so much.

commentinfo By: ei lay at Oct 27, 2011
Comment #5

အဲ့လိုမျိုးချစ်မယ်ဆိုရင်တော့လွယ်မယ်မထင်ဘူးနော်……….
အဲ့လို့မျိုးရောချစ်နိုင်ကျရဲ့လားမသိဘူးနော်…….

commentinfo By: ကြယ်စင်နတ်သမီး at Dec 28, 2011
Comment #6

နင် ဘာတွေလုပ်လုပ် ငါ မကန့်ကွက်လိုဘူး
နင် ပြုမူသမျှအရာရာကို
ငါ့ရင်ခွင်က ကျေနပ်
အမြဲခွင့်လွတ်နားလည်ပေးဖို့
အချိန်တိုင်းလိုလို ကြိုးစား…..အပြစ်မမြင်တတ်တဲ့စိတ်တွေသာ ထပ်မံမွေးဖွားနိုင်ဖို့
ငါ ဆုံးဖြတ်ချက်တွေ ချထားပြီးသားပါ…..။

commentinfo By: rabbit at May 3, 2012
Comment #7

အရမ်းမိုက်တယ် မ

commentinfo By: chan htet at Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment