Professional Authors

ဆုံးရှုံးသွားသော တောက်ခေါက်သံ

ငါ ခရီးသွားရင်း ပြန်လမ်းမဲ့ကျွန်းကို
ငါ ရောက်ရှိခဲ့တယ် ငါ့ အသိတွေကလည်း
နောက်ကျသွားလို့ အခုတော့
ငါ ပေးဆပ်လိုက်တဲ့ ငါ့ နှလုံးသားက
ဘဝနဲ့ထပ်တူ ရင်းနှီးလိုက်တာ
တောက်…….. မတန်လိုက်တာကွာ…။

မိုးညတွေကို ကျော်ဖြတ်လို့
ခရီးတထောင့် ရပ်နားရင်း
တဲအိုအောက်မှာ ငါတို့ဆုံတွေ့ခဲ့
ထိုညမှာ ပြင်းထန်တဲ့
ဘဝတိုက်ပွဲ တိုက်ခိုက်ခံလိုက်ရတာ
နှလုံးသားတည်တည် ထိသွားတာ
ဘဝပါ နာသွားတယ်
အခုတော့ တောက် မတန်လိုက်တာ…

အိုဟောင်းနေပြီ ခေတ်ရေစီးကြောင်းထဲ
ငါ တယောက်တည်း ခေတ်ဟောင်းကို
နှုတ်ဆက်ရင်း အတွေးအိမ်မှာ
ခေတ်သစ်ကို တည်ဆောက်ခဲ့တယ်
ငါ တည်ဆောက်ခဲ့တဲ့ ခေတ်သစ်ရေကြောင်းမှာ
ငါ မထိတွေ့ခဲ့သော မော်ဒန်ခေတ်ကို
အတွေးပြောင်းလို့ ရောက်ရှိခဲ့တာ
ငါ့ ဘဝပါ ရင်းနှီးပေးဆပ်လိုက်တာ
အခုတော့ ပေးဆပ်ခြင်းက
ဘဝပျက်အောင် ဖြစ်သွားခဲ့တာ
တောက် မတန်လိုက်တာ…….

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

ငါ ပေးဆပ်လိုက်တဲ့ ငါ့ နှလုံးသားက
ဘဝနဲ့ထပ်တူ ရင်းနှီးလိုက်တာ
တောက်…….. မတန်လိုက်တာကွာ…။
ဟုတ်တယ်ဗျာ…တခါတခါ ပေးဆပ်လိုက်ရတာ မတန်ဘူး ထင်တာပါပဲ

Comment #2

မိုးညတွေကို ကျော်ဖြတ်လို့
ခရီးတထောင့် ရပ်နားရင်း
တဲအိုအောက်မှာ ငါတို့ဆုံတွေ့ခဲ့
ထိုညမှာ ပြင်းထန်တဲ့
ဘဝတိုက်ပွဲ တိုက်ခိုက်ခံလိုက်ရတာ
နှလုံးသားတည်တည် ထိသွားတာ
ဘဝပါ နာသွားတယ်
အခုတော့ တောက် မတန်လိုက်တာ…

commentinfo By: yeko at Oct 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment