Professional Authors

သို့ ….သူငယ်ချင်း….

ဟေ့ ..သူငယ်ချင်း.

အေးအတူ..ပူအမျှ  အတူတကွ ခံစားကြရအောင်

ဘေးစကားတွေ.နားမယောင်နဲ့ 

ရင်ထဲစကား..ချန်ဝှက်မထားနဲ့ .

ငါတို့ အချင်းချင်း .အမှားမကင်းလည်း…

နားလည်ခွင့်လွတ်.နေကြမယ်….။

တစ်ယောက်လိုအင်..တစ်ယောက်ဖြည့်ဆည်းလို့ 

တို့ တွေတစ်သားတည်း..အမြဲကြည်ဖြူ…။

ငါ့တို့ ကြားမှာ..အာဃာတ တရား….

အငြိုးအတေးများ…..

သံသယထား..

မျက်မာန်ပွားတာ.

တစ်သက်တာအလိုမရှိ..ခြေဖျက်ပစ်မယ်…။

ငါတို့ စ.ခင်ကတည်းက..တရားရုံးမပါ..ရှေ့ နေမလိုပါ

သက်သေလည်းမပါ..

လင်နဲ့ .မယား သိပ်ချစ်တာတောင်

တစ်သက်တာ ..မသေချာမှာစိုး…

စာချုပ်တွေ ထိုးကြတယ်…..။

ငါတို့  အဘိဓာန်မှာ

“ပြတ်စဲခြင်း ” ဆိုတဲ့ဝေါဟာရ ..

ဘယ်တော့မှ .ထည့်မသွင်းဘူး.

ငါတို့ မေတ္တာ ..တစ်သက်တာ မပျက်တမ်း..

တို့ တွဲလက်တွေ…ထာဝရ မပြုတ်တမ်း…..

ဘယ်လိုလဲ……သူငယ်ချင်း…???

In: ကဗျာ Posted By: Date: Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment