Professional Authors

ဘ၀နဲ့ အချစ်ရဲ့ဖြစ်တည်မှု (မင်းကိုချစ်တဲ့သူ)

ငါတို့တွေ…
နှုတ်ဆက်ချိန်ရောက်တိုင်း မျက်နှာလွဲ
မျက်ရည်ဝဲနေတဲ့  ငါ့ကိုမကြည့်ချင်ပါနဲ့…

အဝေးဆုံးမှာနေပြီး အနီးဆုံးမှာရှိချင်သူပါ
သိပ်ဆိုးဆိုးဝါးဝါးမဟုတ်ရင် ယုံချင်တယ်
အရင်လိုရိုးသား ဖြူစင်နေဆဲဆိုတာ…

အချစ်လို့ဆိုတိုင်း အပြစ်ဖြစ်ရမှာလား
ငါ့ဆိုတဲ့ ကံဆိုးကောင်အတွက်
ကံကောင်းမဲ့မနက်ဖြန် ရှိပါသေးတယ်…

ကမ္ဘာပျက်မဲ့ သတင်းကိုကြားမိတိုင်း
ငါဝမ်းနည်းမိတယ်
ငါသေမှာကို ကြောက်လို့မဟုတ်ဘူး
မင်းနဲ့ မပေါင်းဖက်လိုက်ရမှာကိုပဲ ကြောက်မိတာပါ…

အတင်းစကားတွေကြောင့် အငြင်းမပွားရအောင်
အဲ့ဒီအတင်းစကားတွေဆိုတာ
ငါ့တို့ချစ်ခြင်းကို ယှဉ်ပြိုင်နေသလိုပဲ
ငါတို့တွဲ လက်တွဲမြဲဖို့ပဲလိုတာပါ…

ရုပ်ရှင်ဆန်ဆန်အတွေးတွေနဲ့
မင်းသူငယ်ချင်း ကောင်မလေးတွေကို
လာမကျီစားခို်င်းနဲ့
နှလုံးသားတံခါးကို လာခေါက်တိုင်း
မင်းမဟုတ်မှန်း ငါသိနေတယ်…

ဆန္ဒနဲ့ဘ၀ တထပ်ထဲမကျလို့
မင်းမရှိတဲ့ဘ၀မှာ ကျင်လည်နေရတယ်
ငါ့ကို အသုံးမကျတဲ့ကောင်လို့ပြောပါ
ငါဟာ မိဘစကားကိုလျစ်လျူရှုရလောက်အောင်
မမိုက်သေးလို့ပါ…

In: ကဗျာ Posted By: Date: Dec 29, 2011
Comment #1

hin….
bar hma le sine be ne…
mi ba tway kyaunt de,,,,he,,he,,
koh bar tat ko ta ti ma shi be ne,,,,lu g tway ko hwle cha de…
ka lay le hote be ne.,,he,,he,.

commentinfo By: ei lay at Dec 29, 2011
Comment #2

ပြောလဲခံရတော့မှာပေါ့… တကယ်မလွန်ဆန်နိုင်လို့ပါ.. သတ္တိမရှိလို့မဟုတ်ပါဘူး… 🙂

Comment #3

r,,,,,,,,,,,,,,,
hote par bu,,,,,,,,,,
bar hma pyaw par bu,,,,,
sate ma soe par ne,,,,,
mi ba sa kar nar htaung tar kaung tar pop….lane mar like tar.
kaung de,,,kaung de,,,
carry on,,,carry on.

commentinfo By: ei lay at Dec 30, 2011
Comment #4

အစကတော့ စိတ်မဆိုးမိဘူး စိတ်မဆိုးပါနဲ့ဆိုမှ စိတ်ဆိုးဖို့ သတိရသွားပြီ… 😛

Comment #5

ummmmmmmmmmmmmmmm
hmar par de,a ko ye.
tar lane mar lay so,right?
ta baw htar g p dot ta baw kaung pone par..
he,,he,,

commentinfo By: ei lay at Dec 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment