ငိုနေတဲ့ ကမ္ဘာ – နရီထက်
မချစ်ဖူးပေမဲ့ အချစ်ရူးတဲ့လား
ချစ်ဖူးတော့လည်း အချစ်ရူးကြတယ်
ချစ်တတ်နှင့် မချစ်တတ်သူကြားမှာ
အချစ်ဆိုတာ ရှိကောင်းရှိနိုင်ပါတယ်
ခမ်းခမ်းနားနားနှင့် အပေါ့စားဖြစ်လိုက်တဲ့အခါ
ဘ၀ဆိုတာ ဆန်းပြားမသွားဘူး
လွတ်လပ်ခြင်းတရားမှာလည်း
အဆဲခံထိရချိန်တွေ ရှိတယ်
ကြင်နာခြင်းမှာလည်း လမ်းခွဲတွေ
ပျောက်ဆုံးချိန်တွေ ခရီးသွားချိန်တွေ ရှိတတ်နေကြ..
သိသိတာတာနှင့် မသိတာက အခက်ကြီး ဖြစ်သွားတာ..
ဒုက္ခသစ္စာက မျှော်လင့်ခြင်းမှာ ထည့်မပေါင်းထားဘူး
မေ့ကျန်တတ်တဲ့ သင်္ကေတတစ်ခု အဖြစ်များနေလောက်တယ်
ငါ့ဘ၀ ငါ့ဘ၀ နှင့် ပြောခွင့် ပေးထားပေမဲ့
ထာဝရပိုင်ခွင့်ကို အသက်တွေ ပြန်အပ်နှင်းတဲ့အခါမှ သိမှာလားကွယ်…
ခေတ်ဆိုတာ အချိန်အခါနှင့် အပ်နှင်းတတ်တဲ့ ဘွဲ့ထူး..
အရူးအမူးနှင့် စွဲလမ်းကြီးတော့လည်း
… ကမ္ဘာကြီးလည်း ငိုနေရတယ်..။     ။
နရီထက်
( ၂၆ ၊ ဒီဇင်ဘာ ၊ ၂၀၁၁ )
Comment #3
ကင်နာခြင်းမှာလည်း လမ်းခွဲတွေ
ပျောက်ဆုံးချိန်တွေ ခရီးသွားချိန်တွေ ရှိတတ်နေကြ..
အဲ့နားလေးကောင်းတယ်
                        By: arkar at Dec 26, 2011
                    Comment #4
ချစ်ဖူးပေမဲ့ အချစ်ရူးတဲ့လား
ချစ်ဖူးတော့လည်း အချစ်ရူးကြတယ်
ချစ်တတ်နှင့် မချစ်တတ်သူကြားမှာ
အချစ်ဆိုတာ ရှိကောင်းရှိနိုင်ပါတယ်
လွတ်လပ်ခြင်းတရားမှာလည်း
အဆဲခံထိရချိန်တွေ ရှိတယ်
ကင်နာခြင်းမှာလည်း လမ်းခွဲတွေ
ပျောက်ဆုံးချိန်တွေ ခရီးသွားချိန်တွေ ရှိတတ်နေကြ….
အဲ့စားသားလေးတွေ ကြိုက်တယ် ။ဖတ်လို့ လည်းကောင်းတယ်နော် .အားပေးသွားတယ်
                        By: thuya at Dec 27, 2011
                    



 
Comment #1
ခေတ်ဆိုတာ အချိန်အခါနှင့် အပ်နှင်းတတ်တဲ့ ဘွဲ့ထူး..
အရူးအမူးနှင့် စွဲလမ်းကြီးတော့လည်း
… ကမ္ဘာကြီးလည်း ငိုနေရတယ်..။ ။
အားပေးသွားပါတယ်။