Professional Authors

အဖော်မဲ့ကောင်းကင် ( ကဗျာ) – နရီထက်

ငေးမောရင်း ဆွေး
အဖော်မဲ့ ကောင်းကင်ပြာရယ်. . .
သည်စကြာထဲ အဖော်မဲ့သူတစ်ယောက်အတွက်
ပင်လယ်ပြာ အနမ်းတွေ မခံစားတတ်ခဲ့ဘူး
အရည်ပျော်ကျမခံချင်တဲ့ အလင်းဖယောင်းတိုင်
အဖြည့်ခံ နှစ်သိမ့်မှုတွေနှင့်. . .
ဝေးသထက်ဝေးသွားသွားနေတဲ့ အချိန်မီးရထားတစ်ခု
ဆုံမှတ်ဆိုတဲ့ ဘ၀ခရီးမှတ်တိုင်တစ်ခုမှာ
ရပ်တန့်မသွားခဲ့ဘူး. . .
နောက်ကျခဲ့သူ လို့ ထင်မှတ်နေရဆဲလား. . .
မျှော်လင့်ခြင်းမဲ့နေတယ်ဆိုတဲ့အခါ
လမင်းနှင့်ကြယ်ကလေး. . .
တိတ်တခိုး လှောင်ရယ်နေခဲ့တယ်
ခရီးသည် တစ်ယောက်. . .
အဖော်ဆိုတာ နွေးထွေးမှုလား
အပြုံးတစ်စက်အောက်က
မျှော်လင့်ခြင်း အပြာရောင်ညတွေလား
မရက်စက်ပါနဲ့ နှင်းရယ်
ဆွေးရပါတယ်. . .

နရီထက်
( ၀၁ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 1, 2010
Comment #1

မရက်စက်ပါနဲ့ နှင်းရယ်
ဆွေးရပါတယ်……………အရမ်းကောင်းပါတယ်ကိုနရီထက်ရေ…….

commentinfo By: moehtetaung18 at Nov 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment