Professional Authors

ကောင်းကင်မဟုတ်တဲ့ ကောင်းကင် – နရီထက်

မာနလွှာနဲ့ အမြင့်ဆုံးနေရာ
တည်ရှိနေတယ် မသတ်မှတ်နဲ့
မြင့်မြတ်ခြင်းတရား ဖြန့်ကျက်ထားတဲ့
ဒီစက်ဝန်းထဲဝယ် အမြင့်ဆုံးမှာ တည်ရှိနေမယ်

ရင်ဆိုင်ခြင်း တစ်ကွေ့
ခွဲခွာခြင်း လမ်းခွဲတွေကြား
ကြယ်ကြွေတာကိုလည်း
မျက်တောင်မခတ်ကြည့်ခဲ့ဖူးတယ်
အလင်းရောင်တွေနဲ့ လင်းလက်ခဲ့တဲ့
ကြယ်တာရာတွေလည်း တွေ့ခဲ့တယ်
မျှော်လင့်ခြင်း တိမ်ခြင်းလွှာတွေ
ဆော့ကစားနေတာလည်း မြင်ခဲ့ဖူးတယ်
တိမ်ညိုတွေ ငိုခဲ့ဖူးတာလည်း တွေ့ခဲ့ဖူးတယ်

အလင်းတွေ ကူးယူဖို့
အသက်တွေ ဆက်နေတဲ့
နေနှင့်လကိုလည်း ယုံခဲ့ဖူးတယ်
သတိပေးသံတွေနှင့်
နားလည်မှုတွေ ဆောင်းနှင်းပေးတဲ့
မိုးကြိုးလျှပ်သံ ရင်မှာ သိမ်းထားဖူးတယ်
လျှပ်သံတွေကြား အသည်းကွဲဇတ်လမ်းလေးတွေ
သူတို့တွေလေး ငါကို ပြောပြဖူးတယ်

ချစ်သက်သေတွေ ပြဖို့လေး
ငါဆိုတဲ့ ကောင်းကင်ကို
တိမ်လွှာတွေက အသည်းပုံလေး
ကူဖော်ပေးတယ် အပြာရောင်အရင့်စားနဲ့ရယ်
နှလုံးခုန်သံလေး မင်းကြားယောင်ဖို့
လျှပ်သံတွေက ၀ိုင်းသီပေးတယ်
လင်းလက်ခြင်း ဖြူစင်ခြင်း သည်ချစ်တရား
ကြယ်တာရာတွေက ၀ိုင်း အားပြုပေးတယ်

မြင့်မြတ်ခြင်းတရားနှင့်
ဖြူစင်ခြင်းချစ်တရားတွေရယ်
လင်းလက်ခြင်း နားလည်မှုတွေနှင့်
အမြင့်ဆုံးတစ်နေရာလောက်မှာ
မင်းလေး နားခိုလှည့်ပါ။        ။

နရီထက်
( ၂၀ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment