Professional Authors

နိဂုံး (နှင်းဆီဆူး)

နိဂုံးဆိုတဲ့အတိုင်း
အဆုံးသတ်လိုက်ပါပြီ
အဆုံးတွေရဲ့အစပေါ့
တစ်နေ့နေ့တော့
မှန်ထဲ က ငါ့ကိုယ်ငါ…
ပိုင်ပိုင်နိုင်နိုင်
ပြုံးပြမယ်။

သူမသိတာတွေ
သူမသိသလိုပဲရှိပါစေ
လှမ်းမခူးတဲ့လက်အတွက်
သံယောဇဉ်အနှောင်အဖွဲ့ကို
ဒီနေရာမှာတင် ရပ်မယ်
နင်ကျေနပ်ပါကွယ်။

ငါဟာ
အရူးမဟုတ်ပါဘူး
အချစ်အတွက်နဲ့
စိတ်ကူးယဉ်ပုံတစ်မျိုးထူးနေတာပါ။

တဒိတ်ဒိတ်ခုန်နေတဲ့
ရင်ခုန်သံတွေရယ်…
အိပ်မောကျနေတဲ့
မျှော်လင့်ချက်တွေကို
မနှိုးကျပါနဲ့…
ဪသာ်…အလွမ်းတွေတောင်
အိပ်ရေးဝလို့
နိုး..ထ..လာ..ကြ..ပြီ။

နှင်းဆီဆူး
ဝ၇-၁၃-ဝ၇

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

အရူးတွေက သူတို့ကိုယ်သူတို့ ရူးနေတယ်လို့ တခါမှ မပြောဘူး။ 😀

commentinfo By: ChIr0N at May 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment