Professional Authors

အလွမ်းကျောင်းသူ (၂) – (နှင်းဆီဆူး)

စိတ်ရင်းမပါပဲ
ပေးခဲ့တဲ့အိပ်မက်တွေထဲ
ငါတစ်ယောက်တည်း
ခရီးမရောက်ခဲ့တဲ့အပြင်
လမ်းပါပျောက်ခဲ့ရတယ်။

စကားပရိယာယ်
ကြွယ်ဝတဲ့
နှုတ်ခမ်းငယ်ငယ်
မရည်ရွယ်ပဲနဲ့
ငါမုန်းမိတော့မှာပဲ။

လက်ခုတ်သံတစ်ချက်
မြည်ထွက်ဖို့
ငါက..
ကိုယ့်လက်နဲ့ကိုယ်
မတီးတတ်ခဲ့ဘူး။

အလွမ်းကျောင်းမှာ
ကိုယ့်ကိုယ်ကိုယ်အပ်
မင်းကတော့
ရက်စက်ခြင်းပညာမှာ
ဂုဏ်ထူးထွက်ခဲ့ပါတယ်။

ခံစားချက်မဲ့စွာ
ပေါ့ပေါ့ပါးပါး
မာယာတွေခမ်းနားနေတဲ့
မင်းရင်ဘတ်ကြီးကို
ပြတိုက်ထဲကိုသာ
ထည့်ထားလိုက်ချင်တယ်။

လှိုင်းပုတ်ကြမ်းပေမယ့်
ငါ့ရဲ့ချစ်ခြင်း
ကျောက်ဆောင်လိုတည်မြဲ…
ဒီတစ်ခါတော့
သည်းခံခြင်းတွေယိုင်လဲ။

နေရစ်ခဲ့တော့
ကောင်လေးရယ်…
လှည့်စားတာတွေများတော့
သစ္စာတရားတွေလည်း
ငါ့ရင်မှာခါးခဲ့ပြီ
အနှစ်မပါတဲ့အချစ်အတွက်
ငါ့နှလုံးသားကို
အသစ်ရှာ
လဲပစ်လိုက်တော့မယ်။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

Nice!

commentinfo By: nyimalay5 at Aug 28, 2010
Comment #2

i like ur poem except the last paragraph.
a tit dot ma lo chin bu.
a hnit ma par de a chit a twat d tine lay pe nay like par dot me.
koh ye chit chin kyauk saung lo de mye de so tar thu ti par de.
thu ka yet sat chin hmar le gone htoo htwke de thu pop.

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment