Professional Authors

မိုးပြာရောင် နိဂုံး (နှင်းဆီဆူး)

မင်းမျက်ရည်တစ်စက်ကို
ပဲ့တင်သံထပ်နေအောင်
မပြောပါနဲ့…။

နာကျင်လွန်းလို့ထုံသွားပြီ
ဖွင့်ပြောရလွန်းလို့
ငါဆွံ့အ သွားပြီထင်ပါတယ်။

သက်ပြင်းတွေချွေလဲ
ခံစားချက်တွေသေသွားတဲ့
ငါ့ကို
ခွင့်လွှတ်…။

မျှော်လင့်ချက်တွေကိုလျှော့
ငါခပ်ပေါ့ပေါ့ပဲနေတော့မယ်။
ဗလာကောင်ရဲ့ တောအုပ်မှာမှ
သံယောဇဉ်တွေက
ခြင်္သေ့လာလုပ်ချင်တယ်
သိပ်တော့ ကိစ္စတော့မရှိပါဘူး
ငါ့မှာလည်း
ထုတ်မပြထားတဲ့အစွယ်တွေရှိတယ်
အသုံးချ လိုက်ရုံပေါ့။

မာနတွေကိုခုတ်ရှင်းပြီး
တမ်းတခြင်းတွေကို
မြေဩဇာချကျွေးမိတဲ့ကောင်
ဝမ်းနည်းခြင်းတွေကို
အသက်ရှုသံတွေနဲ့
အတူသယ်ဆောင်လာရတယ်လို့
အဲသည်လောက်ထိတောင်ကြောင်ခဲ့(တယ်)။

ဟန်ဆောင်ခြင်းတွေ
အဆုံးသတ်
လှည့်ဖျားတာတွေအခုရပ်
မင်းဂရုမစိုက်လဲ
ပျော်သလိုနေတတ်တယ်။

ကဲ ..
လိုက်ကာချ တော့
မင်းဇာတ်ညွှန်းတွေ
ငါ…
သဘောမကျတော့ဘူး။

အိ (နှင်းဆီဆူး)
နိုဝင်ဘာ ဝ၉၊ ၂၀ဝ၇

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

nice poem. 🙂

commentinfo By: ဒြပ်စင် at Sep 29, 2010
Comment #2

ကဲ ..
လိုက်ကာချ တော့
မင်းဇာတ်ညွှန်းတွေ
ငါ…
သဘောမကျတော့ဘူး။။။။။။။။။။။။။အားပေးသွားပါတယ်ခင်ဗျာ …

commentinfo By: chityellusoelay at Aug 17, 2011
Comment #3

htoke ma pya htar de a swe tway shi de
a me lay,,a me lay,,
kyauk sa yar g,

waung waung shay dot me

commentinfo By: ei lay at Nov 8, 2011
Comment #4

read again,,
afraid of again,

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment