Professional Authors

လိပ်ပြာငယ်ရဲ့နိဂုံး

အပြုံးတစ်ဝက်ရောတဲ့ အငွေ့အသက်အတုတွေနောက်မှာ
လိပ်ပြာငယ်တစ်ကောင်ရဲ့ နိဂုံး
ဝေးကွာခြင်း မှတ်တိုင်ရဲ့ အဆုံးအစမရှိတဲ့လမ်း
မျှော်လင့်ခြင်းတောင် လက်လွှတ်လိုက်ရတဲ့အဖြစ်
အသိ နဲ့ ဝိဥာဉ်တွယ်ကပ်နေသရွေ့
အရိပ်တစ်ခုလို လိုက်ပါတွယ်ငြိတတ်တဲ့ ခါးသက်သက်ခံစားချက်
သံယောဇဉ်အစစ်တွေလို့ ယောင်ယောင်မှားမှားမှတ်ယူရအောင်
ရင်ဘတ်တစ်ခုလုံးစာ အင်အားမဲ့
တကယ်လို့ လောကကြီးထဲမှာ မရှိတော့ဘူးဆိုရင်
တကယ်ကို မတွေ့ကြတော့ဘူးဆိုရင်
တကယ်ကြီးကို ပျောက်ကွယ်သွားပြီဆိုရင်
ပက်သက်ခဲ့ဖူးသူအနေနဲ့ အမှတ်ရမလား
တိုးတိုးသက်သက် သိချင်ပါရဲ့
ရှင်သန်မှုတွေ ခဝါချရလောက်အောင် ရူးမိုက်ခဲ့ဖူးတဲ့ လူတစ်ယောက်
နာနာကျင်ကျင်နှုတ်ဆက်တယ်
အချစ်ရယ်………နောက်ဘဝမှာလည်း နင်အသဲခွဲသွားတဲ့သူ ငါပဲဖြစ်ပါရစေ ။ ။

In: ကဗျာ Posted By: Date: Jan 23, 2013
Comment #1

အရိပ်တစ်ခုလို လိုက်ပါတွယ်ငြိတတ်တဲ့ ခါးသက်သက်ခံစားချက်
သံယောဇဉ်အစစ်တွေလို့ ယောင်ယောင်မှားမှားမှတ်ယူရအောင်
ရင်ဘတ်တစ်ခုလုံးစာ အင်အားမဲ့

ခံစားသွားရပါတယ် အရမ်းတိုက်ဆိုင်တယ်

commentinfo By: မေပျို at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment