ကိုယ်ယောင်ဖျောက်ကောင်းတဲ့ …နတ်သမီး (နှင်းဆီဆူး)
ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့
မျက်ဝန်းတွေကို
အဖက်လုပ်မိတာကစတယ်။
မရင်းနှီးတဲ့အကြည့်မျိုးတွေနဲ့လေ
လျှပ်စီးလိုငါ့ကိုသူပစ်တယ်
ထွက်သက်နဲ့ဝင်သက်
နှလုံးခုန်သံတွေကာရံပျက်တဲ့အထိ။
ငိုရခက် ရယ်ရခက်ရယ်ပါ
ငါ့ကို(ငါမုန်းတာထက်)
ဆယ်ခါပြန်မုန်းတယ်တဲ့
မရှိတဲ့အမုန်းတွေကို
ဘယ်နေရာမှာသုံးရမလဲ…။
ငါဟာအလင်းရောင်ပါ
မင်းနဲ့ကျမှမှောင်ရတယ်လို့။
ငါ့ရင်ဘတ်ထဲဓာတ်မီးထိုးကြည့်
သခင်မျက်ကွယ်ပြုထားတဲ့
အချစ်တွေရှိတယ်။
ခပ်မှောင်မှောင်ကြီးထဲမှာပဲ
ခပ်ကြောင်ကြောင်အတွေးတွေကို
ကာရံမလှမပ
ငါ့ကိုသရုပ်ဖော်ပြခွင့်ပြုပါ။
စိတ္တဆန်လိုက်ပုံများ
တရားကျချင်စရာကောင်းလောက်တယ်။
မင်းပေးတဲ့အလွမ်းတွေကိုလည်း
ငါက…
ချစ်စနိုးနဲ့
နာမည်တောင်ပေးထားသေးတယ်။
အဲလိုအဲလိုပါပဲ…
မင်းနဲ့ပတ်သတ်ရင်
အလွန့်အလွန်ကိုရူးတာ..။
မတောင်းဆိုပါပဲနဲ့
ခပ်နွမ်းနွမ်းလာလာပွင့်တဲ့
မျှော်လင့်ချက်တွေက
ငါ့ကိုလာလာခိုးခိုးနမ်းသေးတယ်။
နတ်သမီးကိုမှ
ဖက်တွယ်မိတဲ့အပြစ်တွေ
ဝဋ်ရှိသ၍ပေါ့
ဒီအကြွေးတွေကို
ကျေကျေနပ်နပ်ကြီး
ငါဆပ်ပါ့မယ်။
ဘဝမှာလေ…
ပိုင်ဆိုင်တာဆိုလို့
ပြိုကျသွားတဲ့အိမ်မက်တွေသာရှိတယ်။
တစ်ခါတစ်ခါ
ငါ့အရိပ်တောင်ငါ့ကို
ဘုကြည့်ကြည့်တယ်။
သိပ်အားကျချင်စရာမကောင်းလှပါဘူး
ငါဆိုတဲ့ကောင်က
စိတ်ကူးတွေသာလှတာမဟုတ်လား။
ကြယ်တစ်ပွင့်ကြွေကျသွားသည့်တိုင်
လေလွင့်နေတဲ့ငါ့စိတ်တွေက
ငါ့ဆီပြန်မရောက်လာချင်ကြဘူး။
ငါပိုင်တဲ့ငါ့စိတ်တွေက
ငါနဲ့မဆိုင်ချင်တော့လောက်အောင်ကို
ခါးခါးသီးသီး
ပြုစားနိုင်စွမ်းရှိတဲ့
နတ်မိမယ်..။
တာ့တာမပြပါပဲနဲ့
ထွက်ခွာသွားတဲ့မင်းကို
ခပ်ကြာကြာကြီးလွမ်းမယ်။
ဆက်ရန်မရှိပါဆိုမှ
မျှော်လင့်ခြင်းတွေပွေ့ပြီး
မင်းပြန်လာမယ်ဆိုရင်လေ …
ရက် ရာသီတွေ..မရွေးပါဘူး။
လကွယ်တဲ့ည
တစ်ခဏမှ မတွယ်ထားချင်ပါဘူး
သို့ပေမယ့်လည်း
အိမ်မက်တွေကို
လက်မလွှတ်ချင်ခဲ့တဲ့
ငါလိုလူမိုက်က
အတိတ်တွေကို
သူငယ်ချင်းတစ်ယောက်လို
ပခုံးဖက်လို့…
ချစ်တယ် ဆိုတဲ့စကားထက်
ဘာကိုမှပိုမတတ်ခဲ့ဘူး။
မနက်တွေဟာရှည်လျားတယ်
ညတွေဟာရှည်လျားတယ်
မိုးလင်းလိုက်မိုးချုပ်လိုက်နဲ့
နေမင်းက တော့
သူ့အလုပ်သူပုံမှန်လုပ်တယ်။
ကျွန်တော်ကလည်း…
သူ့အကြောင်းတွေး
သူ့အကြောင်းဆွေးနဲ့
မနက်ဖြန် သဘက်ခါ
နောင်နှစ်ပေါင်းများစွာအတွက်…။
နှင်းဆီဆူး
Comment #2
:)…….:P………:(………:D…;)
By: အောင်ကျော်ဇေယျာမိုးလုံးဟိန်း at May 25, 2010
Comment #6
ဘယ်သူတွေဝေဖန်ဝေဖန်ပေါ့ဗျာ . . .
ကိုယ်ရေးတာကိုယ့်စာပေါ့
ဟုတ်ဘူးလား
တူတယ်ဆင်တယ်ဆိုတာက
ဘယ်သူမှမသင်မကြားခဲ့
မဖတ်ခဲ့ဘဲနဲ့
အနုပညာတစ်ရက်ကိုဖန်ဆင်းတက်မှာလဲဗျာ
ဟုတ်ဘူးလား
ကျွှန်တော်လဲကဗျာချစ်သူတစ်ယောက်ပါ
သူများရေးတာကိုလဲအားပေးတယ်
ကိုယ်တိုင်လဲရေးတယ်လေ
အဲ့ဒါကြောင့်မို့အစ်ကို့ကိုအမြဲအားပေးပါ့မယ်ဗျာ
အစ်ကိုကဗျာတွေကိုကြိုက်ပါတယ်ဗျာ . . . . .
((လင်းလွန်း))
By: linloon at Sep 10, 2010
Comment #7
မနက်တွေဟာရှည်လျားတယ်
ညတွေဟာရှည်လျားတယ်
မိုးလင်းလိုက်မိုးချုပ်လိုက်နဲ့
နေမင်းက တော့
သူ့အလုပ်သူပုံမှန်လုပ်တယ်။
ကျွန်တော်ကလည်း…
သူ့အကြောင်းတွေး
သူ့အကြောင်းဆွေးနဲ့
မနက်ဖြန် သဘက်ခါ
နောင်နှစ်ပေါင်းများစွာအတွက်…။
ွှအရမ်းကောင်းပါတယ်
By: အသဲကွဲမိုး at Jan 7, 2011
Comment #8
သဘောအရမ်းကျပါတယ် အရမ်းအရမ်းကိုကောင်းလွန်းနေပါတယ် ……
အားပေးသွားပါတယ် ………. 😛
By: apollo at Feb 3, 2011
Comment #9
thu a kyaung tway……
thu a kyaung sway….
ko a tat shu nay tine
By: ei lay at Nov 8, 2011
Comment #10
really niceeeeeeeeee
really perfectttttttttttt
really excellentttttttt
really loveeeeeeee
By: ei lay at Jan 14, 2012
Comment #11
super likeeeeeeeeeeee
By: ei lay at Feb 18, 2012




Comment #1
မိုက်တယ်
တစ်ချို့စာသားတွေက အရမ်းသဘောကျစရာကောင်းတယ်..