Professional Authors

သမိုင်းဝင် ညီညွတ်ရေး ညွန့်မောင်း

ရာစုနှစ် နှစ်ဆဲ့တစ် ခြေလှမ်းတွေကို
လေ့ကျင့်ခန်းတွင်း ပြင်ဆင်ရင်း
တက်ကြွတဲ့ စိတ်ဓာတ်တွေနဲ့
စည်းကျက်ဒိုင်ရဲ့ ခရာပေးသံကို
နားစဉ်ပြီး ပြေးလမ်းပေါ်မှာ
အဆင်သင့် ဟန်ပြင်နေခိုက်
ခရာသံက နားအုံကိုတိုးဝင်လို့
တာထွက်ခဲ့တာ အခုမှ ခြေလှမ်းအစတဲ့…။

ခြေလှမ်းတူနေတဲ့ ပုံရိပ်တွေက
အရိပ်လိုလိုက်ရင်း ပြေးလွှားနေတဲ့
ဘဝတစိတ်ကို ရိုက်ချိုးမိ
မထင်မှတ်ခဲ့တဲ့ အတိက်ဆိုးတွေက
အရိပ်ထိုးခဲ့တာ အိမ်မက်ဆိုးဖြစ်ခဲ့တယ်လေ….။

ခြေရာမတူတဲ့ အရိပ်တစ်ခုက
ထက်ချပ်မကွာ လိုက်လာရင်း
ပြေးလမ်းပေါ်မှာ ဇောချွေးတွေလူးလိမ့်
မတိတ်သေးတဲ့ အတိက်တစ္ဆေတွေက
ငိုးညည်းကြရင်း လာလမ်းကိုပြန်ငေးကြည့်မိတာ
အခုတော့ အောင်ပန်းနဲ့ ဝေးတော့မလိုဖြစ်ခဲ့ပြီလေ…။

မျဉ်းပြိုင်နှစ်ခုကြား ယှဉ်ပြိုင်မှုကများ
သေခြာနေတာ တစ်ခုတော့ရှိတယ်
အထိနာများနဲ့ ခံစားချက်တွေ
ပေါက်ကွဲကြရင်း ဒေါသအက်ကြောင်းပေါ်မှာ
စစ်မက်စိန်ခေါ်ခဲ့ အပြစ်မဲ့တဲ့
အောက်ခြေအတန်းက ကိန်းဂဏာန်းတွေအောက်
သေပျောက်ကြလို့ ပန်းအဝင် နောက်ကျခဲ့တယ်လေ..။

လွတ်လပ်တဲ့ စိတ်ဓာတ်တွေနဲ့
တူညီစွာလက်တွဲ အကျိုးပြုရင်း
ခုံမင်ခဲ့တဲ့ ရွှေတစိတ်ကို
ဘေးဖယ်လို့ အညီအမျှစိတ်နဲ့
ဥပဒေပြုကြရင်း ခေတ်သစ်နှစ်ဆဲ့တစ်ကို
ကြိုဆိုမိတာ အခုထိပဲလေ…..။

တွေးသင့်တာကို တွေးတောရင်း
လုပ်သင့်တာ ဆက်လုပ်ဖို့
မမေ့သင့်တာတွေ သတိထားရင်း
ခြေချင်လိမ်နေတဲ့ ဒီလောကကြီးထဲ
လောကဓံကို ကာကွယ်ပြီး
အောင်ပန်းဝေဆာတဲ့ ပန်းတိုင်ကို
ညီညွတ်ရေးနဲ့ အတူတူခရီးဆက်စို့……။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment