Professional Authors

လွတ်………လပ်ကြည့်ပါ..

(၁) အဆင့်ဆင့်….ထွက် လာ တဲ့
သဂြိုလ်ပြီးစကောင် များ
မီးမုန်တိုင်းပြာ……….ရေစက်
ငါ့အားမျက်စင်း…ခပ်ပေးပါ။

(၂)မြင်းခွာ သံ ဖိနပ် တွေရဲ့
ထိကပါးရိကပါး…အိပ်မက်ဟာ
ကြိုးကြာရုပ်တွေလောက် တော့
ဘယ်ခမ်းနားခဲ့ပါ့မလဲ….

(၃)အခန်းထဲမှာ
canvas စပေါ် မှာ
လွတ်လပ်တဲ့ တိမ် တွေ အကြောင်း
လွတ် လပ် တဲ့ လေပြေအကြောင်း
လွတ်လပ်တဲ့ ငှက်တွေ အကြောင်း
အိပ်စက်နေ တဲ့..ထိကရုန်းပင်တွေအကြောင်း
(သူတို့ဟာ..တစ်ကယ်ကော လွတ်လပ်ကြရဲ့ လား…???)

(၄)စိတ်ကူးတွေကို….ချောင်းထဲ မျှော်ပလိုက်ပါ…
ငါတို့..လေထဲတိုက်အိမ် မဆောက် တော့ ဘူး…….
မိုးပျံဘူဘောင်း ရဲ့ သော့အိမ်မှာ..သိမ်းထုတ်လိုက်ကြတာပေါ့
(မျော လို ရာ မျော ပါ စေ…)

(၅) ဘ၀ကို ကျောက် ထူထပ် မြေ ပျက် တော မှာ ပေါက်ဖို့
ညောင်စေ့ဖြစ်ဖို့လို လိမ့် မယ်
ငှက်တွေက ငါတို့ကို သယ်ဆောင်မသွားနိုင်ခဲ့ဘူး

(၆)ကိုယ်ထူကိုယ်ထကိုင်စွဲခဲ့ ကြ တဲ့..ဓါး..တွေဟာ
အဘိဓမ္မာကြီး အတိုင်း ဘယ်ဟုတ်နိုင် ခဲ့ပါ့မလဲ……….
သောက်နေကျ..ဘီယာခွက် မှာ…
လူတွေရဲ့ ခံတွင်းနံ့ ကို ရ တယ်
မြင်နေကျ…မီးသဂြိင်္ုစက်ရဲ့..နှုတ်ခမ်းမှာ
လူတို့ရဲ့..ကိုယ်သင်းနံကို ရ တယ်…။  ။

In: ကဗျာ Posted By: Date: Feb 11, 2012
Comment #1

ကဗျာအပိုဒ် ၆ ချီးကျူးဖို့စကားလုံးမတွေ့အောင်ကို အရေးအသားကောင်းလွန်းတယ်
ဖတ်သွားပါကြောင်း ~~

commentinfo By: X - ray at Feb 11, 2012
Comment #2

လွတ်လပ်တဲ့ တိမ် တွေ အကြောင်း
လွတ် လပ် တဲ့ လေပြေအကြောင်း
လွတ်လပ်တဲ့ ငှက်တွေ အကြောင်း
(သူတို့ဟာ..တစ်ကယ်ကော လွတ်လပ်ကြရဲ့ လား…???)
ကဗျာလေးကို ကြိုက်ပါတယ်…

commentinfo By: SoFarAwayFromU at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment