Professional Authors

စိတ္တဇ လောင်တိုက်

 

ဒီလို ဒီဇင်ဘာညတွေမှာ

ဆောင်းနှင်းတွေနဲ့အတူ

ရင်ဘတ်အဟောင်းသား

နှစ်ယောက် တစ်အိပ်မက်

ဆော့ကစားကြလို့

နှလုံးသား အာဟာရ

ထာဝရ ထင်ကျန်ရင်း

ရင်ထဲမှာလည်း တကျစ်ကျစ်မြည်နေဆဲ…။

 

ပင်ယံထက်က ပန်းမဟုတ်သော်လည်း

သစ်ရွက်တွေ နှင်းခ ရင်း

လေပြေလေညှင်းများ တိုက်ခိုက်ကြလို့

အေးစက်စက်နဲ့ မြေခ

ကြွေကျလာရင် အနေခက်မှာလည်း

စိုးကြောက်မိတယ်…။

 

ကံကြမ္မာ ခါးသက်သက်နဲ့

ဘဝတစိတ်ကို ခရီးဆက်ရင်း

ရင်ခုန်သံတွေ မှားခဲ့သလား

ရင်ခွင် ဝိုးတဝါး ဖြစ်နေဆဲ

ငါ… ရောက်ရှိခဲ့တဲ့ ခရီးတစ်ခုက

မီးတောက်တွေနဲ့ ကမ်းလှမ်းကြိုဆိုခဲ့

မမှားသော ဆေးတစ်ခွက်ကို

သောက်သုံးရင်း အခုတော့ ကုသနေဆဲ….။

 

သံသရာစက်ရဟတ် လည်ပတ်လို့

ခါးသက်နေတဲ့ နေ့ရက်တွေကို ရေတွက်

ကိန်းဂဏာန်းတွေ ထုဆစ်ထားတဲ့

သြဃလေးပါး သမုဒ်ပြင်ကျယ်မှာ

သံယောဇဉ်ပျက် ဆေးတစက်

သွေးခတ်နေတဲ့ ဓါးတစ်လက်နဲ့

ခုတ်ဖြတ်ဖို့ ကြိုးစားနေဆဲ…။

 

ကျန်ရစ်နေတဲ့ ဘဝကွက်လပ်ထဲ

သတိရမှုတွေ ကြီးစိုးမင်းမူရင်း

ခံနိုင်ရည်မရှိတဲ့ သစ်ကိုင်းလေး

နေလောင်ဒဏ်ရဲ့ အောက်မှာ

ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရဆဲ…။

တက္ကသိုလ်မြတ်မင်း

 

In: ကဗျာ Posted By: Date: Dec 26, 2011
Comment #1

အရမ်းကောငိးတဲ့ကဗျာလေးတစ်ပုဒ်ပါပဲ
အားပေးသွားပါတယ် အကို

commentinfo By: yaewintaung at Dec 26, 2011
Comment #2

so good ………..

Comment #3

ကဗျာက ကောင်းတယ်လို့တော့မပြောတော့ဘူးဗျာ
အနှစ်သာရရှိတယ်လို့ဘဲပြောပါမယ် ။

commentinfo By: X - ray at Dec 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment