Professional Authors

What A Human Freedom of Christmas

ယဉ်ကျေးမှုတစ်ခုရဲ့ အောက်ခြေမှာ မွေးဖွား
ကိုယ်စီ နှစ်သက်တဲ့ အကြိုက်တွေနဲ့ ကျင့်သုံး
အကောင်းအဆိုး နှစ်တန် လွင့်ပြန်နေတဲ့
ဒီခေတ် ကောင်းကင်ထဲ အစဉ်လာတွေကို
ထိန်းသိမ်းကြရင်း ပျော်ရွှင်မှုနှစ်သစ်ရဲ့
ခရစ်စမတ် နေ့သစ်ကို ရောက်ခဲ့ကြ
အဲဒီနေ့ညက ဆုတောင်းပေးခဲ့တာ
လှောင်ချိုင့်ထဲက ငှက်ကလေးတွေရဲ့ Freedom တဲ့…..။

ကျဉ်းလွန်းတဲ့ ဘဝထောင်ချောက်ထဲ
သစ်ရွက်တွေလို လေလွင့် ကကြိုးဆင်ရင်း
ဖြူစင်တဲ့ စိတ်ဓာတ်တွေ ရိုက်ချိုးခံရ
မကြင်နာတဲ့ စစ်တစ်ခုရဲ့
ဓားစားခံဖြစ်ကြရင်း ဘဝအခန်းကျဉ်းထဲရောက်ခဲ့
အမေးအဖြေတွေနဲ့ ဒဏ်ရာတွေလည်း
နှစ်လတွေ ကြာညောင်းခဲ့ပြီ
မနှစ်မြို့တဲ့ ရာသီတွေလည်း
ပြောင်းလွဲလာခဲ့….
မနက်ဖြန် မနက်ဖြန်
ဒီဇင်ဘာဆောင်းရဲ့ ခရစ်စမတ် နှစ်သစ်မှာ
ပျော်ရွှင်ခြင်းတွေနဲ့ ဆုတောင်းပေးလိုက်တာ
လှောင်ချိုင့်ထဲက ငှက်ကလေးများရဲ့ Freedom တဲ့….။

ခရစ်စမတ်ဆောင်းရဲ့ ဒဏ်ရာတွေလည်း
နှလုံးသားမှာ ချမ်းတုန်မောဟိုက်
ဆုတောင်းမှုတွေလည်း အေးခဲသွား
၃၆၅ ရက် တစ်နှစ်တာရဲ့
ပင်ပန်းမှုတွေ အပန်းဖြေ
၂၅ ရက် ဒီဇင်ဘာဆောင်းညမှာ
ခရီးထွက်ကြရင်း ခရစ်စမတ်မီးတိုင်အောက်
ကိုယ်စီကိုယ်စီ ရောက်ရှိခဲ့
အမှတ်တမဲ့ တောင်းဆုတွေနဲ့
စောင့်မျှော်မိတဲ့ ချစ်သူနဲ့
မဆုံစည်းခဲ့ မိသားစုအတွက်
လွတ်မြောက်မှုတွေ ကြိုးပမ်းကြလို့
ခရစ်စမတ် မီးပုံလေးကို
ဆုတောင်းရင်း လွတ်တင်ကြစို့…….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment