Professional Authors

ပဲ့တင်သံတွေရဲ့ နေ့စွဲ

ပဲ့တင်သံတွေရဲ့ နေ့စွဲမှာ
စကားတွေက ဓားတွေဖြစ်ခဲ့
စကားနောက် သမိုင်းပါလို့
အပြောတွေက အဆိပ်တွေနဲ့
နှုတ်ကြားထဲက မာယာတွေအပြည့်
စစ်ထိုး စကားများကြရင်း
ဝါးရုံတောလည်း ပျက်စီးမှာကြောက်
စည်းကမ်းဖေါက်လို့ အစွန်းရောက်မှာ
စိုးကြောက်မိပါရဲ့….။

ခေတ်ကာလကလည်း ခပ်နုနု
သူတို့ကလည်း ခပ်နုနု
ငါတို့ကလည်း ခပ်နုနု
ခေတ်စကားအနုတွေကြား
ဖိအားတွေလည်း များလွန်းလို့
ဝါးရုံတော အလား
လေတိုက်ရင်လည်း ယိမ်းတက် ရမ်းတက်
ဘလောင်ဆူအောင် ရိုက်ခက်နေတာ
တောမီးလောင်မှာတောင် ကြောက်မိပါရဲ့…။

ပဲ့တင်သံတွေရဲ့ နေ့စွဲမှာ
ထက်သန်တဲ့ စိတ်ဓာတ်တွေက
ဓားသွားတွေဖြစ်သလို သစ္စာပန်းတွေလည်း
စိုက်ပျိုးခင်းကျင်းလို့ မှတ်တိုင်တစ်ခုဖြစ်ခဲ့
မညီညာတဲ့ ပန်းတိုင်တွေကြား
ကိုယ်စီ ပြေးလွှားကြရင်း
အမှားအမှန် ဝေခွဲလို့မရခဲ့
လမ်းဟောင်းထဲက ကျားတွေက
ခြင်္သေမရှိတဲ့ တောမှာ ဘုရင်လုပ်ကြရင်း
စုရုံးနေတဲ့ ဝါးရုံတောကို
ဖျက်စီးဖို့ ကြံစည်သလို ဖြစ်နေပြီလား….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

ခေတ်ကာလကလည်း ခပ်နုနု
သူတို့ကလည်း ခပ်နုနု
ငါတို့ကလည်း ခပ်နုနု
ခေတ်စကားအနုတွေကြား
ဖိအားတွေလည်း များလွန်းလို့
ဝါးရုံတော အလား
လေတိုက်ရင်လည်း ယိမ်းတက် ရမ်းတက်
ဘလောင်ဆူအောင် ရိုက်ခက်နေတာ
တောမီးလောင်မှာတောင် ကြောက်မိပါရဲ့…။

commentinfo By: May K ha at Dec 17, 2011
Comment #2

အခုလို အားပေးတာကို လွန်စွာ ကြည်နူးဝမ်းသာ ကျေးဇူးတင်မိပါတယ် ခင်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment