Professional Authors

Happy New Year 2012

ခေါ်သံတွေနောက် တကောက်ကောက်လိုက်ရင်း
မသိစိတ်တွေ နိုးကြားခဲ့တဲ့
သက္ကရာဇ်တစ်ခုအောက်မှာ မွေးဖွားခဲ့ရင်း
အသိဥာဏ်တွေ ပွင့်လင်းလာခဲ့
ဗျောက်ဖောက်သံ ကြားလိုက်တဲ့
အနောက်ဘက်က အသံတွေက
ကောင်းကင်ကို တိုက်ခိုက်ကြရင်း
နှစ်သစ်ကူးတဲ့ နယူးရီးယားကိုရောက်ခဲ့လို့
သူတို့အတွက် လွတ်လပ်ခြင်းတွေရရှိခဲ့ပြီလေ…..။

ဒါပေမဲ့…..
မလွတ်လပ်သေးတဲ့ ကာရံတွေကြားက
ငှက်ကလေးတွေကို ကြည့်နေရင်း
ဒဏ်ရာတွေ ကိုယ်စီကိုယ်စီနဲ့
ကုစားဖို့ ခက်ခဲလွန်းလို့
ဖိတ်စာတစ်ခုနဲ့ တောင်းဆိုမှုတွေ
အပြင်မှာ ရိုက်ခတ်နေဆဲ
အတွင်းက ကတိစကားတွေ
မှိတ်တုတ်မှိတ်တုတ် ထွက်လာတဲ့
ပိုးစုန်းကြူးပမာ အလင်းရောင်တစ်ခု
အနံခံ ရလိုက်လို့ ဝမ်းမြောက်နေတုန်း
နှစ်သစ်ကူး ဗျောက်သံက
ကောင်းကင်မှာ အချက်ပေး
ဥပဒေတစ်ခု ဖြစ်ခဲပြီးလေ…။

ဓလေ့တစ်ခုက ဥပဒေတွေရဲ့
လက်အောက်မှာ အသုံးတော်ခံရင်း
လွတ်လပ်မှုတွေ ပျောက်ဆုံးသွားမှာ
သူတို့တွေးကြောက်လျက် တောင်းဆိုမှုတွေ
နဘေကာရံတပ် စစ်မက်ခြင်းတွေဖယ်ရှားလို့
ငြိမ်းချမ်းရေးကျောက်တိုင်ထိပ်မှာ ကဗျည်းတင်ရင်း
နယူးရီးယား ညအလှကို တူညီစွာခံစား
မညီမျှတဲ့ လက်အစုံကို
ညင်သာစွာ ကိုင်တွဲနှုတ်ဆက်ပြီး
လာလမ်းအတိုင်း လွတ်လပ်မှုပေးလို့
ပျော်ရွှင်မှုနဲ့ လက်တွဲ နှစ်သက်ကူးကြစို့…။

Happy New Year’s 2012 ကို
ကြိုဆိုနှုတ်ဖွဲ့ စကားစပ်လို့
သွေးချင်းညီနောင်များ တူညီစွာ
လွတ်လပ်ရေး ညီညွတ်ရေး
ငြိမ်းချမ်းရေး ဆုတောင်းကြစို့လား….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment