Professional Authors

ဖွင့်ဟချက်

အချိန်ဆိုတာ
အသစ်တွေကို ဟောင်းစေတယ်
သူ့အချစ်တွေကိုလည်း
ပြောင်းစေခဲ့တယ် …
ကံဇာတာ တရားသူကြီးမင်းရယ်
ခင်ဗျား လွန်တာပေါ့ကွယ် …
အသက်နဲ့ရင်းပြီး ချစ်ခဲ့တယ်
ခပ်ဟဟ ရယ်သံလေးကလည်း
နှလုံးသားကို စိုးမိုးထားခဲ့တယ်
အခုတော့ကွယ် …
လမ်းတွေ့ရင်တောင်မှ
မသိသလိုမျိုး
ရင်ထဲက ဝေဒနာကလည်း
ဆိုးပြီးရင်းသာ ဆိုး …….. ။

မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)

In: ကဗျာ Posted By: Date: Oct 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment