Professional Authors

အငွေ့အသက်

အသက်ရှုသံတွေကြားမှာ
ပေါက်ဖွားလာခဲ့တဲ့
ရင်ခုန်သံတစ်စုံဟာ
အဲဒီ အသက်ရှုသံတွေကြားမှာပဲ
ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် …

အိပ်မက်တစ်ခုကို
မက်လိုက်ရသလိုပါပဲ
နိုးထလာချိန်မှာ
ဖမ်းဆုပ်မရတော့ပေမယ့်
ဝေဒနာ ဒဏ်ချက်တွေကတော့
ယနေ့အချိန်ထိပဲ
ငါ့နှလုံးသားကို ရိုက်ခတ်ဆဲ ….. ။

မောင်ရွာ
(ရင်တွင်းလှိုင်း ကဗျာရိုင်းများ)

In: ကဗျာ Posted By: Date: Nov 27, 2011
Comment #1

(ရင်တွင်းလှိုင်း ကဗျာရိုင်းများ)။။။။။။

ဒီစာသားလေးကို ပိုကြိုက်ပါသည်….

commentinfo By: nate thit(နေ့သစ်) at Nov 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment