Professional Authors

မောင့်ကို သိစေချင်သည်……….

မောင်လို့
ခေါ်ခွင့်မရှိပေမယ့်
မောင်မသိအောင် တိတ်တိတ်လေး
ခေါ်နေမိတယ်။
မောင်ရေ
မောင်ရှိမယ့်နေရာ
မောင်ရှိမယ့်အချိန်လေးတွေကို
တိတ်တိတ်လေးမှတ်ထားပြီး
တမင်ဆုံအောင် ကြိုးစားနေမိတယ်။
မောင်ရေ
ပီပြင်အောင် လွမ်းလို့မရပေမယ့်
မောင့်ကို သိပ်လွမ်းတယ်။
မောင်ရေ
ဒီကဗျာလေးတွေကို
မောင့်အတွက်ရည်စူး
မောင်သိစေဖို့
ရေးခဲ့မိတာ အကြိမ်ကြိမ်ပေါ့။

In: ကဗျာ Posted By: Date: Jun 24, 2012
Comment #1

😛

commentinfo By: ei lay at Jun 24, 2012
Comment #2

🙂

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment