Professional Authors

သူ နှင့် အချစ်

ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်အောင်
ဝင်ရောက် စိုးမိုးနိင်သူ
အိပ်ပျော်နေသော နှလုံးသားကို
လှုပ်ခတ် နိုးနိင်သူ
မက်လတ်စ အိမ်မက်တွေကို
ခြယ်သပေးနိင်သူ
အပြုံးလှလှ လေးတွေကိုလည်း
ဖန်ဆင်းပေးနိင်သူ
နူးညံ့တဲ့ နှလုံးသားတစ်ခုကို
ပေးအပ်ခဲ့ပြီး
ကြမ်းတမ်းတဲ့ လမ်းတွေကို
လျှောက်လှမ်းစေခဲ့သူ
အချစ်တစ်ခုကို ကိုးကွယ်စေခဲ့ပြီး
ဘ၀တစ်ခုကို နှောက်နှေးစေခဲ့ရတယ်
တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။

In: ကဗျာ Posted By: Date: Dec 4, 2012
Comment #1

တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။
ခံစားအားပေးသွားပါတယ်…။

commentinfo By: poem.poem28 at Dec 4, 2012
Comment #2

တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။

ဟုတ်တယ် .. အချစ်က ကိုယ့်ကို ကစားသွားတယ်ရှင့် .. တူတူပဲ

commentinfo By: မေပျို at Dec 4, 2012
Comment #3

မှန်ပါ၏ ထောက်ခံပါ၏

တကယ်ဆို အချစ်နဲ့ ကစားခဲ့တာ
မဟုတ်ရပါဘူး
အချစ်ကပဲ ကစားသွားခဲ့တာပါ။

we should kill the love !!!!!

commentinfo By: loafer at Dec 4, 2012
Comment #4

မလုပ်ပါနဲ့သူငယ်ချင်းရယ် အချစ်ကသူ့ဖာသာနေတာပါ။တကယ်တော့ခံစားတတ်မယ်ဆိုရင်
လွမ်းရဆွေးရတမ်းတရတာ လေးတွေကအရသာတမျိုးပါပဲ။

commentinfo By: soewaihin at Dec 4, 2012
Comment #5

ကိုဝေဟင်က ဖြေတွေးလေးတွေးတတ်တယ်ထင်တယ် .. ပညာရသွားပါတယ်နော် .. အချစ်ပြသနာ အချစ်ပြသနာ ..

commentinfo By: မေပျို at Dec 5, 2012
Comment #6

ဟုတ်တယ်မဟုတ် လားမမေပျို
အချိုတွေပဲ စားနေရရင်
ချို၊ချဉ်။ဖန်၊ခါး၊စပ် စားချင်ကျသေးတာပဲလေ
ဖြောင့်တခါကောက်တလှည့်
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့နော်။ဆရာကြီး ပီမိုးနင်းကတောင်ပြောထားသေးတယ်လေ
ချစ်သူနှစ်ဦးစိတ်ကောက်ပြီးနောက် ယောက်ျားလေးကပြန်ချော့ရင် ချစ်သူမိန်းကလေးက ရင်ခွင်လေးထဲ
ဝှက်ပြီးငိုရှာသတဲ့။ဒါပေမဲ့ အဲ့ဒီမျက်ရည်က ကမ္ဘာပေါ်က ပျားရည်တွေအားလုံးထက်ချိုတယ်တဲ့လေ။

commentinfo By: soewaihin at Dec 5, 2012
Comment #7

ဟုတ်မှာပါ ရှင် .. စိတ်မကောက်ဖူးလို့ပါ

commentinfo By: မေပျို at Dec 5, 2012
Comment #8

နောက်တခါကောက်ကြည့်ပေါ့ သိရအောင်လေ။

commentinfo By: soewaihin at Dec 5, 2012
Comment #9

ဟိ တကယ်လားဟင် .. စိတ်ကောက်လို့ရမယ့်သူရှိရင်တော့ ကောက်ပစ်ချင်မိတယ် .. အခုတော့ စိတ်ကူးထဲကပဲ ကောက်မိမယ်ထင်တယ် ..

commentinfo By: မေပျို at Dec 5, 2012
Comment #10

အော်ဘ၀တူတွေပါလားနော်။စိတ်မညစ်ပါနဲ့။ကျွှန်တော်လဲ ချော့ဖို့မရှိပါဘူး။

commentinfo By: soewaihin at Dec 5, 2012
Comment #11

ကျေးဇူးတင်ပါတယ် ကိုဝေဟင် နဲ့ မမေပျို
တကယ့်ဘ၀တူတွေပါပဲ။ ကျွန်တော်လည်းတစ်ယောက်တည်းပဲဖြစ်နေတုန်းပါ.
အဆင်ပြေတယ်မလား ဒီတိုင်းလေးပဲ….

commentinfo By: hninz at Dec 5, 2012
Comment #12

Cutie words with sweet thoughts.

I like comments.
Ha..ha..
Arr lone tu tu be.
All r prince & princess.

commentinfo By: ei lay at Dec 6, 2012
Comment #13

ပြေပါ့ရှင် ပြေပါ့ … ဟိ ဒီဆိုဒ်ထဲမှာ ရည်းစားလက်မဲ့တွေချည်းပဲလားမသိပါဖူးနော် ခိခိ

commentinfo By: မေပျို at Dec 9, 2012
Comment #14

He..he..
Yee sarr dot Shi bu lae.
Myat noe ya de chit Thu dot Shi de.
😛

commentinfo By: ei lay at Dec 9, 2012
Comment #15

good

commentinfo By: meso at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment