Professional Authors

ကျွန် မ က ရှင် သိ ခဲ့ တဲ့ မိန်း မ တစ် ယောက် မှ မ ဟုတ် တော့ တာ(written by ဂျမ်းစိန်မ)

ဒါ ကျွန် မ စိတ် ဆိုး လို့ ပြော တဲ့ စ ကား မ ဟုတ် ဘူး
တ ကယ် တော့ ရှင် က ပုပ် သိုး သွား တဲ့ ပေါင် မုန့် တစ် လုံး လို လွှင့် ပစ် လိုက် ဖို့ ပဲ ကောင်း တယ်
ကျွန် မ ရှင့် ကို စိတ် ဆိုး နေ တယ် လို့ ရှင် ထင် နေ လား
ထား ပါ… ဘာ ပဲ ဖြစ် ဖြစ်
အ ခု ကျွန် မ ရှင် နဲ့ သိ တဲ့ မိန်း မ တစ် ယောက် မ ဟုတ် တော့ ဘူး
ကျွန် မ ခေါင်း က ဆံ ပင် ရှည် ရှည် တွေ လည်း ဖြတ် ပစ် လိုက် ပြီ
အ ခု ဆံ ပင် ပုံ စံ အ သစ် နဲ့ ကျွန် မ ရဲ့ မျက် နှာ ကို လည်း ရှင် မြင် ရ တော့ မှာ မ ဟုတ် တော့ ဘူး
ဒါ ကျွန် မ ရှင့် ကို စိတ် ဆိုး လို့ ပြော တာ မ ဟုတ် ဘူး
ကျွန် မ ရှင် နဲ့ ရင်း နှီး ခဲ့ ဖူး တဲ့ မိန်း မ တစ် ယောက် မ ဟုတ် တော့ ဘူး လေ..
ရှင် က ရှင် သပ် သပ် ကျွန် မ က ကျွန် မ သပ် သပ် ဖြစ် သွား ပြီ
ကျွန် မ တို့ မ နက် ဖန် တွေ အ ငွေ့ အ သက် မ တူ နိုင် တော့ ဘူး
ကျွန် မ တို့ လမ်း တွေ အ ကွာ အ ဝေး မ တူ နိုင် တော့ ဘူး
ကျွန် မ တို့ ရဲ့ ရှင် သန် ခြင်း တွေ အ ရောင် မ တူ နိုင် တော့ ဘူး လေ
(ဟပ် ချိုး ! နှာ က လည်း ချေ လိုက် တာ
ရှင် သာ ဘေး နား မှာ ရှိ ရင် တော့ ကျွန် မ ကို ဆေး တစ် ခု ခု တိုက် မှာ သေ ချာ တယ်)
ဒါ နဲ့ ကျွန် မ က ရှင် သိ ခဲ့ တဲ့ မိန်း မ တစ် ယောက် မ ဟုတ် တော့ ဘူး နော်
ကျွန် မ ရေ ချိုး တယ် ရှင် ကြိုက် တဲ့ သ နပ် ခါး ကို မ လိမ်း ဘူး
ရှင် မ ကြိုက် တဲ့ အ င်္ကျီ အ ရောင် နဲ့ ရှင် မ ကြိုက် တဲ့ သီ ချင်း ကို ဖွင့် လို့
ထား လိုက် ပါ တော့ ကျွန် မ တို့ တစ် တွေ ရင်း နှီး နေ ဆဲ သူ တွေ မှ မ ဟုတ် ကြ တော့ တာ
ကျွန် မ ရှင့် ကို စိတ် ဆိုး လို့ ပြော နေ တာ မ ဟုတ် ဘူး
ရှင် က ဘယ် လို မှ နား မ လည် နိုင် တဲ့ ပုစ္ဆာ တစ် ပုဒ် ပဲ
ကျွန် မ အ တွက် ဘယ် လို မှ အ ဖြေ ရှာ လို့ ရ မှာ မ ဟုတ် တဲ ပုစ္ဆာ တစ် ပုဒ် ပါ ပဲ
ကျွန် မ ရှင် နဲ့ ရင်း နှီး နေ တဲ့ မိန်း မ တစ် ယောက် မ ဟုတ် တော့ ဘူး ဆို တော့ ကျွန် မ ကို ကျွန် မ သ တိ ပေး နေ ရ ဦး မယ်
ရှင့် ရဲ့ ရယ် မော သံ တွေ နဲ့ ရှင့် ရဲ့ အ ပြု အ မူ တွေ လည်း မေ့ ပစ် ဖို့ ကျွန် မ ကြိုး စား ထား ရ ဦး မယ်
ကျွန် မ အ တွက် ရှင် ရှိ နေ လည်း အ ပို ပါ ပဲ ဆို တဲ့ စိတ် ဓါတ် မျိုး ကျွန် မ
သ တ္တိ ရှိ ရှိ မွေး မြူ ထား ရ ဦး မယ်
ထား ပါ.. ဒါ ကျွန် မ ရဲ့ ကိစ္စ တွေ ပဲ
တ ကယ် က ကျွန် မ ရှင့် ကို စိတ် ဆိုး နေ တာ မ ဟုတ် ဘူး
ရှင့် မွေး နေ့ တိုင်း လည်း ကျွန် မ ဘု ရား သွား နေ ကျ အ တိုင်း သွား နေ မိ မှာ ပဲ
ရှင့် အ တွက်ဆု တောင်း မေ တ္တာ ပို့ မြဲ ပို့ နေ မှာ ပဲ
ရှင် နေ ကောင်း ဖို့ အ တွက် ခို က လေး ကို အ စာ ကျွေး မြဲ ကျွေး ဖြစ် နေ မှာ ပဲ
ရှင့် သက် စေ့ ဖ ယောင်း တိုင် တွေ ရေ ချမ်း တွေ အ မြဲ ကပ် လှူ နေ မှာ ပဲ
ကျွန် မ ရှင့် ကို ချစ် နေ ရုံ သပ် သပ် ပဲ လေ
ကျွန် မ သိ ပါ တယ် ကျွန် မ က ရှင် သိ ခဲ့ တဲ့ မိန်း မ တစ် ယောက် မှ မ ဟုတ် တော့ တာ

 
In: ကဗျာ Posted By: Date: Apr 8, 2013
Comment #1

🙂
He..he

commentinfo By: ei lay at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment