Professional Authors

ဖွင့်ဟခွင့်မရသော မျှော်လင့်ခြင်းများ

ဝါသနာတွေအစွန်းထွက်တဲ့ ည
ကြယ်ကြွေတွေတစခြင်းလိုက်ကောက်
ဘ၀ဟာ တောက်လျှောက်မှားခဲ့တယ်
ပန်းသီးတလုံးကိုမခင်တွယ်ခဲ့ဖူးပါ
ချော့ကလက်တထောင့်ဟာ
အရောဝင်လို့ ကောင်းတဲ့ ထဲမပါခဲ့ဘူးလေ

ဘယ်ဖက်ရင်အုံမှာရှိနေတဲ့ နင့်ကို
မတန်တဆ သံယောဇဉ်တွေထဲ
နှစ်ကြည့်မိတယ်
အပြစ်ရှိခြင်းဟာ တကယ်တော့….
ငါ….မဟုတ်ဘူး နင်…လဲမဟုတ်ပြန်ဘူး

မျှော်လင့်ခြင်းတွေ ဗန်းပြပြီး
တခမ်းတနားရင်ခုန်ကြည့်ချင်ပါတယ်
နှလုံးသားက
မိမွေးတိုင်းဖမွေးတိုင်းမဟုတ်တော့လို့ 
နင့်ရှေ့ ဒူးမထောက်နိင်ခဲ့ ဘူး
ဒါပေမယ့်
ငါ့ဝိဥာဉ်ကိုယ်စား အသက်မဲ့ကျောက်ရုပ်ဟာ
ငါဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်

အဲဒီနေ့ က
ငါ့မာနတွေကို ဆွဲချွတ်ဖို့ 
နင့်ဆီက အမိန့် ဆန်တဲ့ 
အကြည့်တွေ…လက်ခံရရှိကြောင်း
လက်မှတ်ရေးထိုးခဲ့ပါတယ်

ကောင်မလေးရေ…..
တိုးတိုးလေးပဲ
ငါ့နာမည်ကိုရေရွှတ်လိုက်ပါ
ပြီးရင်…….
ငါ့ကိုကြည့်ပါ
ငါဘယ်လောက်
လင်းလက်သွားမလဲဆိုတာကိုပေါ့

ဥပေက္ခာတွေလွင့်ပစ်ပြီး
ငါ့ရဲ့ ဥယျာဉ်ထဲသာလာခဲ့ပါ
အစွမ်းကုန်ပွင့်ပြဖို့ 
ကြယ်စင်တွေပြင်ဆင်ထားပါတယ်
နတ်ဆိုးတွေတောင်ရှက်သွေးဖြာနေရှာသတဲ့ 
မှော်ဆရာလဲစွံ့ အ  သွားသတဲ့ လေ
ငါလဲယောင်ရမ်းပြီး
မျှော်လင့်ချက်အကျိုးအပဲ့တွေ
လိုက်ကောက်နေမိတယ်

မိုးသူ(တောင်ကြီး)
20 ApRiL 2012/Friday
09:29/AM

In: ကဗျာ Posted By: Date: Apr 24, 2012
Comment #1

so touching to my heart

commentinfo By: ei lay at Apr 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment