ထောပတ်ဆီလူးခေတ် ယဉ်ကျေးမှုဗေဒ – နရီထက်
အရိုးတွေ ကျောက်ဖြစ်ရင်တောင်
ယဉ်ကျေးမှုက လေ့လာခွင့်ပေးထားတယ်
မြေလှန့်လို့ ဒင်္ဂါးဝိုင်းတွေ့ရင်
ခေတ်တွေကို တွေးစေတယ်
အပိုင်းအစတွေနှင့် အသက်ဆက်စေတယ်
အပျံစားကားသစ်ယဉ်ကျေးမှုက လှတယ်
မိုးပျံတိုက်တာခမ်းနားမှုက ဆန်းတယ်
ခေတ်မှီယဉ်ကျေးမှုတွေက မျက်နှာသစ်တွေနှင့်ရယ်
ရောင်စုံအလှတွေက အစစ်အတုမခြားရယ်
သြော်… သူ့ယဉ်ကျေးမှုနှင့် သူတဲ့လား…
မအိပ်ပဲ စောင့်ကြည့်နေတတ်တဲ့ မိစ္ဆာတွေက
ပိုက်ဆံချစ်ယဉ်ကျေးမှုတွေလား…
ခဲယမ်းမီးကျောက်တွေက စစ်မျက်နှာစာရဲ့ ယဉ်ကျေးမှု…
ငိုကြွေးလောက်မြိုက်မှုတွေက မျှော်လင့်ခြင်းရဲ့ စေခမှု…
ငတ်မွတ်ဆာလောင်မှုတွေက သစ္စာတရားရဲ့ ခေါင်းပါးမှု…
ငြိမ်းချမ်းခြင်းတွေက ကပ်ဆိုးသခင်ရဲ့ ကြင်နာဝေးသက်မှုတွေလားကွယ်…
ခွဲစိတ်ပြုပြင်ဖို့ လိုတဲ့ စိတ်ကို…
ဘယ်ဆာဂျရီက ဈေးကြီးပေးဝယ် အာမခံနှင့် ကုသပေးမှာလဲကွယ်
အသက်ရှုပုံခြင်း မတူတော့…
အောက်စီဂျင်တောင် မျက်နှာငယ်ရတယ်..
အလှတရားအတွက် စိတ်အလှကို ကျေးဇူးတင်လိုက်စမ်းပါကွယ်…
နရီထက်
( ၂၄ ၊ အောက်တိုဘာ ၊ ၂၀၁၁ )
Comment #2
ခွဲစိတ်ပြုပြင်ဖို့ လိုတဲ့ စိတ်ကို…
ဘယ်ဆာဂျရီက ဈေးကြီးပေးဝယ် အာမခံနှင့် ကုသပေးမှာလဲကွယ်
အသက်ရှုပုံခြင်း မတူတော့…
အောက်စီဂျင်တောင် မျက်နှာငယ်ရတယ်..
အလှတရားအတွက် စိတ်အလှကို ကျေးဇူးတင်လိုက်စမ်းပါကွယ်…
                        By: thuya at Oct 28, 2011
                    Comment #3
အားပေးနေတယ်နော်…. ကြိုက်တယ်အဲ့ အပှဒ်လေးတွေ။
                        By: thuya at Oct 28, 2011
                    



 
Comment #1
အသက်ရှုပုံခြင်း မတူတော့…
အောက်စီဂျင်တောင် မျက်နှာငယ်ရတယ်..
အလှတရားအတွက် စိတ်အလှကို ကျေးဇူးတင်လိုက်စမ်းပါကွယ်…
လှတယ်ဗျာ အဲစာသားလေး တွေ