Professional Authors

ပျောက်ဆုံးသွားတဲ့ ဆည်းဆာတစ်ချို့တစ်ဝက် ….. .- နရီထက်

တိတ်ဆိတ်လွန်းတဲ့ ည
ထပြန်သွားတဲ့ ခြေရာသံတွေလား
မခေါ်ဘဲ ပြန်ထူးတတ်တဲ့ …. လှိုင်း….
အခြေမဲ့တဲ့ နေရာပျောက်တွေလား…
လေသင့်ရာ မဆန်တတ်ပေမဲ့…
နေရာသင့်ရာ ရွေးလာတတ်တဲ့…. လှိုင်း…
တစ်ချက်ချက်တော့လည်း….
နားလည်ရခက် နာကြည်းချက်တွေနှင့်
နင်… ဘယ်နေရာမှာ… မှေးစက်တတ်နေသလားကွယ်…
ဆည်းဆာအလှတွေ တင်ဆက်ချိန်မှာ
ငါမျက်နှာတွေ ဖျောက်ပေးထားမယ်နော်
(ငါ့ အားအင်တွေ ဖျော့ပေးထားမယ်နော်)
( ငါ့ စွမ်းအင်တွေ ဆုံးရှုံးပေးထားမယ်နော်)
(မနက်ဆည်းဆာ၊ နေ၀င်တရီဆည်းဆာပြင်မှာ)
ငါ့ ရေပြင်တွေ ကျဆင်းပေးထားမယ်…
ဆည်းဆာရေ… မူးရစ်စီးမျောလှပစေ…
ရွက်လွင့်လာတဲ့ ပဲ့တိုင်…
လေထန်ရာ… ငါ့ပျောက်ကွဲချိန်မှာ…
ကျိုးကျမသွားချင်ဘူး…
…လှိုင်း… လို့ ပြန်ခေါ်တတ်တဲ့ အတွေး
ကမ်းစပ်တွေက ဖေးမကူတတ်လို့လားကွယ်…
တစ်ခါတစ်ခါမှာလည်း …
ရေးခြစ်သွားတဲ့ စကားလုံးတွေကိုတောင်…
ဖျက်စီးပစ်တတ်သေးတယ်
ပင်လယ်ရေ ငံပေမဲ့…
ရေချိုတစ်နေရာ ငါ့တို့တွေ… ရှာနေကြတယ်
လူသူမဲ့ကျွန်းတစ်နေရာက
ရေသူမလေး…
သူ့ချစ်သူကို မျှော်နေတာ… ဒဏ္ဍာရီဆန်တတ်လို့လားကွယ်
ချစ်သူကို မျှော်နေတဲ့… မျက်ရည်တွေက
ရေချိုတွေလားကွယ်…
ငိုသံတွေ တိတ်ဆိတ်နေရာခဲ့တဲ့ ကျွန်း…
မာယာမများဘဲ…
ပင်လယ်ပြင်ကို …စိမ်းလဲ့ ခွင့် ပေးထားတယ်
အကြင်နာတွေကို… စည်းမခြားမထားဘူးရယ်…
အတိမ်အနက်ကြားမှာ သန်းခေါင်နက်သွားတဲ့
အိမ်မက်… ဟိုအဝေးမှာ ပျောက်ကွယ်သွားတဲ့
… လှိုင်း…. လှိုင်းသံတွေက ရိသဲသဲနှင့် ဖမ်းစားမထားဘူး…
ပျော်ရွှင်မြူးတူး ချစ်စုံတွဲတွေကြား…
ချစ်သူအလာ… စောင့်မျှော်နေတဲ့…
ရေသူမလေး… ကျွန်းတစ်နေရာက. နေ….
ပင်လယ်ပြင်ကို ကျိန်းစာ မတိုက်ထားဘူး…
….လှိုင်း…တွေရယ် … ဒေါသတွေကို မြိုသိပ်ထားပေးပါ…
ဆည်းဆာတွေကို… ရှင်သန်ခွင့်ပေးလိုက်စမ်းပါ….
^^^^^လှိုင်း^^^^^^^^ လှိုင်း^^^^^^^။     ။

နရီထက်
( ၁၃ ၊ အောက်တိုဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Oct 13, 2011
Comment #1

ရေသူမလေး…
သူ့ချစ်သူကို မျှော်နေတာ… ဒဏ္ဍာရီဆန်တတ်လို့လားကွယ်
ချစ်သူကို မျှော်နေတဲ့… မျက်ရည်တွေက
ရေချိုတွေလားကွယ်…

Comment #2

အားပေးသွားပါတယ်အကိုရေ…
အကို့ ကိုဆက်သွယ်ချင်လို့ ပါ….
လိပ်စာလေးဘာလေးပေးပါလားဗျာ….
ကျွန်တော်ကရဲဝင့်အောင်ပါ…
ရွှေကြယ်မိုးဆိုတဲ့ကလောင်နဲ့ 
မဂ္ဂဇင်းတိုက်တွေကိုကဗျာတွေ ပို့ နေပါတယ်

commentinfo By: yaewintaung at Oct 13, 2011
Comment #3

ကိုကြိး ဒိကဗျာလည်း လေးမိုက်တယ် ဒိအပှဒ်လေးတွေက ပိုမိုက်တယ်……လူသူမဲ့ကျွန်းတစ်နေရာက
ရေသူမလေး…
သူ့ချစ်သူကို မျှော်နေတာ… ဒဏ္ဍာရီဆန်တတ်လို့လားကွယ်
ချစ်သူကို မျှော်နေတဲ့… မျက်ရည်တွေက
ရေချိုတွေလားကွယ်…
ငိုသံတွေ တိတ်ဆိတ်နေရာခဲ့တဲ့ ကျွန်း…
မာယာမများဘဲ…
ပင်လယ်ပြင်ကို …စိမ်းလဲ့ ခွင့် ပေးထားတယ်
အကြင်နာတွေကို… စည်းမခြားမထားဘူးရယ်…
အတိမ်အနက်ကြားမှာ သန်းခေါင်နက်သွားတဲ့
အိမ်မက်… ဟိုအဝေးမှာ ပျောက်ကွယ်သွားတဲ့
… လှိုင်း…. လှိုင်းသံတွေက ရိသဲသဲနှင့် ဖမ်းစားမထားဘူး…
ပျော်ရွှင်မြူးတူး ချစ်စုံတွဲတွေကြား…
ချစ်သူအလာ… စောင့်မျှော်နေတဲ့…
ရေသူမလေး… ကျွန်းတစ်နေရာက. နေ….
ပင်လယ်ပြင်ကို ကျိန်းစာ မတိုက်ထားဘူး…တဲ့ ကျေနာ် ကြိုက်တဲ့ အပှဒ်လေး တွေလေ ။အားပးနေမယ်နော်။

commentinfo By: thua at Oct 13, 2011
Comment #4

တိတ်ဆိတ်လွန်းတဲ့ ည
ထပြန်သွားတဲ့ ခြေရာသံတွေလား
မခေါ်ဘဲ ပြန်ထူးတတ်တဲ့ …. လှိုင်း….
အခြေမဲ့တဲ့ နေရာပျောက်တွေလား…
လေသင့်ရာ မဆန်တတ်ပေမဲ့…
နေရာသင့်ရာ ရွေးလာတတ်တဲ့…. လှိုင်း…
တစ်ချက်ချက်တော့လည်း….
နားလည်ရခက် နာကြည်းချက်တွေနှင့်
နင်… ဘယ်နေရာမှာ… မှေးစက်တတ်နေသလားကွယ်…
ဆည်းဆာအလှတွေ တင်ဆက်ချိန်မှာ
ငါမျက်နှာတွေ ဖျောက်ပေးထားမယ်နော်
(ငါ့ အားအင်တွေ ဖျော့ပေးထားမယ်နော်)
( ငါ့ စွမ်းအင်တွေ ဆုံးရှုံးပေးထားမယ်နော်)
(မနက်ဆည်းဆာ၊ နေ၀င်တရီဆည်းဆာပြင်မှာ)
ငါ့ ရေပြင်တွေ ကျဆင်းပေးထားမယ်…
ဆည်းဆာရေ… မူးရစ်စီးမျောလှပစေ…
ရွက်လွင့်လာတဲ့ ပဲ့တိုင်…
လေထန်ရာ… ငါ့ပျောက်ကွဲချိန်မှာ…
ကျိုးကျမသွားချင်ဘူး…)
ကောင်းလိုက်တာဗျာ ကဗျာတစ်ခုလုံးသူ့အချိတ်နဲ့သူဆိုတော့ဘယ်နားလေးပိုကောင်းပါတယ်လို့တောင်
ပြောဖို့မလိုတော့ဘူးဗျာ အားရပါးရအားပေးသွားတယ်နော်

commentinfo By: harris at Oct 13, 2011
Comment #5

ရေသူမလေးရဲ့ ချစ်သူဆိုတော့ ရေသူထီးထင်ပါရဲ့ဗျာ။ ပင်လယ်ပြင်ကို စိမ်းလဲ့ခွင့်ပေးထားတယ် တဲ့။ အရေးအဖွဲ့လေး ကြိုက်တယ်ဗျာ..။

ခင်တဲ့
မိုးလူ

commentinfo By: မိုးလူ at Oct 13, 2011
Comment #6

ဆည်းဆာအလှတွေ တင်ဆက်ချိန်မှာ
ငါမျက်နှာတွေ ဖျောက်ပေးထားမယ်နော်
(ငါ့ အားအင်တွေ ဖျော့ပေးထားမယ်နော်)
( ငါ့ စွမ်းအင်တွေ ဆုံးရှုံးပေးထားမယ်နော်)
(မနက်ဆည်းဆာ၊ နေ၀င်တရီဆည်းဆာပြင်မှာ)
ငါ့ ရေပြင်တွေ ကျဆင်းပေးထားမယ်…

commentinfo By: nwenyeinaye at Oct 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment