Professional Authors

အမုန်းတစ်ခုရဲ့ယဉ်ကျေးမှု

အရှုံးတွေချည်းပဲ ခံစားစေခဲ့သူကို
လှည့်ကွက်တစ်ခုအနေနဲ့ ထိုးစစ်ဆင်ခွင့်ရဖို့
အစွမ်းကုန်လည်း ပြုံးလို့ ချိုသာထားလိမ့်မယ်……။   ။

“ကိစ္စမရှိပါဘူး” ဆိုတဲ့ ကျေအေးခြင်းနောက်ကွယ်မှာ
ကြေမွပြန့်ကျဲသွားတဲ့ နှလုံးသားအပိုင်းအစတွေအတွက်
ရင်နာရခြင်းတွေကို ဖော်ပြုတတ်လာရင်း
ထုဆစ်ခဲ့တဲ့ နာကျဉ်းမှုတွေနဲ့ အလှတရားတို့ ဆင်ယဉ်တတ်လာလိမ့်မယ်….။

ယုံကြည်မှုကို အလွဲသုံးစား ပြုမူတတ်ကြောင်း သိမြင်တတ်လာတော့
အယုံသွင်းပြီး ရိုက်ချတတ်တဲ့ သဘာဝတစ်ခုအကြောင်း
တစ်စုံတစ်ယောက်ကိုပါ ပြန်လည်သိမြင်စေချင်လာတယ်….။

ခွင့်လွှတ်ပါတယ် လို့သာ အဆင်ပြေစွာ သုံးနှုန်းတတ်ရင်း
တန်ရာတန်ကြေး ၀ဋ်ကြွေးတစ်ခုကိုလည်း
အကြိမ်အရေအတွက် တူညီစွာ ရေရွတ်နေမိလိမ့်မယ်…..။

တစိမ်းဆန်ဆန်မျက်ဝန်းတွေ ဖန်ဆင်းရင်း
တိုက်ဆိုင်မှုတို့ရှိလာတိုင်း မမေ့နိုင်စရာဘ၀ပေးတစ်ခုအနေနဲ့
အတိတ်ဆိုတာကို သတ်မှတ်ပြီး
အတုံ့အလှည့်တစ်ခုကိုလည်း အခါအခွင့်သင့်သလို မျှော်လင့်နေမိလိမ့်မယ်…..။

ခံစားချက်တို့ အသက်မပါသလို အသက်သွင်း
ပြောင်းပြန်အချိုးကျသွားတဲ့ သက်ရောက်မှုတစ်ခုအား
မျက်ဝါးထင်ထင်သိစေလိုတဲ့ ဆန္ဒတွေနဲ့…..
ခဲရာခဲဆစ် အနီးနားကို အရောက်လှမ်းရင်း တစ်ခါပြုံးမိတိုင်းလည်း အမုန်းတစ်ခုအတွက် ကျေနပ်နေမိလိမ့်မယ်….။

In: ကဗျာ Posted By: Date: Jan 4, 2013
Comment #1

တစ်ခါပြုံးမိတိုင်းလည်း အမုန်းတစ်ခုအတွက် ကျေနပ်နေမိလိမ့်မယ်….။

commentinfo By: mayviolet at Jan 5, 2013
Comment #2

တစ်ခါပြုံးမိတိုင်းလည်း အမုန်းတစ်ခုအတွက် ကျေနပ်နေမိလိမ့်မယ်….။
sis mayviolet နှင့် အကြိုက်ပိုတူနေတယ်
ကော်ပီဆွဲလိုက်တာ တစ်ပုံစံတည်းပဲ မမ

commentinfo By: မေပျို at Jan 5, 2013
Comment #3

ကျေးဇူးနော် မေပျို
mayviolet ကိုလည်း ကဗျာလေးကို အားပေးတာ ကျေးဇူးတင်ပါတယ်ရှင်…။ ။

commentinfo By: ကေသရီ at Jan 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment