Professional Authors

ယဉ်ကျေးမှုနှုတ်ဆက်ပွဲ (သက်ထွေး)

တော်တော်ညှစ်လိုက်ရတဲ့ ကဗျာထဲက တစ်ပုဒ်ပါပဲ။ ၂၀၀၈ ရဲ့ နှုတ်ဆက် ကဗျာတစ်ပုဒ်ပေါ့ ။

နှုတ်ဆက်ခဲ့ပါတယ် ..
ဖဲငုဝါငယ် ..

အခိုက်အတန့်
သက်တံ့ရယ်လို့ပဲ
ငါတို့
သဘောထားလိုက်ကြပါစို့ ..

အစိမ်းရောင်
နေ့စွဲတွေကို ပြန်လည်ဖာထေးရင်း
ပန်းနုရောင်
ရက်စွဲတွေနဲ့
လွဲချော်ခဲ့ရသူမို့ …
မနက်ဖြန်ဆိုတာ
ယနေ့လောက်
ရင်မခုန်ဖြစ်ခဲ့ပါဘူး ကွယ်

ချော်လဲရောထိုင်
ယဉ်ကျေးမှုဝတ်စုံကို
ကံကြမ္မာက
အခန့်သား ဝတ်ဆင်လို့
“နှုတ်ဆက်ကမ်းလင့်လက်”
တစ်စုံကို
ငါတို့နက္ခတ်ရဲ့
ဘယ်အရပ်သို့များ
လှမ်းစေခဲ့သလဲ …

ကြွေခဲ့တဲ့မိုးတိမ်များ
ဘယ်အရပ်မှာ စိမ်းစိုနေကြမလဲ ..
ဆွေခဲ့သော မိုးရိပ်တွေကော
ဘယ်ဘက်မှာငြိမ်းညိုနေကြမလဲ ..
အစဉ်အမြဲပါပဲ
မင်းအတွက်..ငါ… စိုးရိမ်နေရဆဲ ..

ရေငုံနှုတ်ပိတ်
နှလုံးသား တစ်စုံကို
ငါ့ယာပျက်ထဲ
ခြွေကာ ပျိုးခဲ့ပါတယ် …
ရိတ်သိမ်းချိန်မှာသာ
နွေဟာ မနွေးသွားပါစေနဲ့ ..
ကြယ်တွေလဲ
ကြွေကာ မလင်းသွားပါစေနဲ့ ..
ယဉ်ကျေးမှု
ဝတ်စုံကိုသာ
ချေကာ နင်းသွားကြပါကွယ် … ။

သက်ထွေး
နေ့လည် ၂းဝ၈ ၂၆ရက်နေ့ ၁၂လ ၂၀ဝ၈

In: ကဗျာ Posted By: Date: Jun 4, 2009  
Comment #1

ကြိုက်တယ်… ကာရံတွေကို 🙂 အဟတ်… ဟစ်ဟော့သီချင်းလား မှတ်ရတယ်… 😛 ကဗျာမဖတ်ရခင်က တော်ကီတွေနဲ့ ပေါင်းစပ်လိုက်တော့ အရမ်းမိုက်သွားပါတယ် 😛

commentinfo By: Ei Mon Soe at Jun 4, 2009
Comment #2

အဟတ်… အဟောင်းဆိုပေမယ့် အခုမှအသေချာအပီအပြင်ဖတ်လိုက်တာ.. အဟတ် အဟတ်.. အင်မတန်ခိုက်သွားတယ်ပေါ့လေ.. လန်းပါ့.. သူကြီးတို့မျာ.. ဟွန့်.

commentinfo By: Kitty Yang at Jun 5, 2009
Comment #3

ဟစ်ဟော့သီချင်းဆိုပဲ အဟတ် 😀

commentinfo By: အရဲ at Jun 9, 2009
Comment #4

ဒီကဗျာလည်း ကြိုက်တယ်။ ဇာတ်သိမ်းသွားတဲ့ tempo မိုက်တယ်။ ကူးယူသွားပါကြောင်း

commentinfo By: ဆွဲအား at May 16, 2010
Comment #5

မော်ဒန် ကဗျာ နဲ့ ကာရန်တွေ တွဲဖက်သွားပုံလေး ကြိုက်တယ်။

commentinfo By: letmefree at Jun 5, 2010
Comment #6

ကဗျာလေးလှတယ်..

commentinfo By: အမရာ at Jun 17, 2010
Comment #7

ကဗျာ အရမ်းယဉ်တယ်

commentinfo By: ဂမုန်း at Jun 29, 2010
Comment #8

အစိမ်းရောင်
နေ့စွဲတွေကို ပြန်လည်ဖာထေးရင်း
ပန်းနုရောင်
ရက်စွဲတွေနဲ့
လွဲချော်ခဲ့ရသူမို့ …
မနက်ဖန်ဆိုတာ
ယနေ့လောက်
ရင်မခုန်ဖြစ်ခဲ့ပါဘူး ကွယ်

ကြွေခဲ့တဲ့မိုးတိမ်များ
ဘယ်အရပ်မှာ စိမ်းစိုနေကြမလဲ ..
ဆွေခဲ့သော မိုးရိပ်တွေကော
ဘယ်ဘက်မှာငြိမ်းညိုနေကြမလဲ ..
အစဉ်အမြဲပါပဲ
မင်းအတွက်..ငါ… စိုးရိမ်နေရဆဲ ..

ရေငုံနှုတ်ပိတ်
နှလုံးသား တစ်စုံကို
ငါ့ယာပျက်ထဲ
ခြွေကာ ပျိုးခဲ့ပါတယ် …
ရိပ်သိမ်းချိန်မှာသာ
နွေဟာ မနွေးသွားပါစေနဲ့ ..
ကြယ်တွေလဲ
ကြွေကာ မလင်းသွားပါစေနဲ့ ..
ယဉ်ကျေးမှု
ဝတ်စုံကိုသာ
ချေကာ နင်းသွားကြပါကွယ် … ။

များကြီး များကြီးကို ကောင်းနေတာာာာာာာာာာာာာာ .. အတည်…
ဟုတ်တယ်.. အများကြီးကို ကောင်းတယ်.. ..

commentinfo By: ဖြိုးဖြိုး at Dec 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment