Professional Authors

“အနုပညာနှင့်နှိုးဆွခြင်း-ယဉ်ကျေးမူ့နှင့်ခေတ်မှီခြင်း”

 

“အနုပညာနှင့်နှိုးဆွခြင်း-ယဉ်ကျေးမူ့နှင့်ခေတ်မှီခြင်း”

ဖော်ခြင်းက ခေတ်မှီတာမဟုတ်

ဖုံးခြင်းကလဲရှေးဆန်တာမဟုတ်

 

မိန်းခလေးများရဲ့ ကိုယ်ပိုင်ဘဏ္ဍာ

ပိုင်ဆိုင်သူကိုသာ ပြဘို့ပါ။

ဒါမြန်မာတွေရဲ့ယဉ်ကျေးမှု့လို့

ဆိုသူတွေကလဲ

ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။

 

“မမြင်အပ်ရာ”ဆိုသဟာ

ဖုံးသင့်တာဖုံးထားရမယ့်ဟာကို

လူမြင်အောင် မလုံ့တလုံပြလိုပြ

အနုပညာကိုဗန်းပြလို့  နှိုးဆွတယ်ဆိုတာကလဲ

သိပ်တော့ နေရာမကျပြန်ဘူး။

 

“မမြင်အပ်ရာ”ဆိုသဟာကို

ကြည့်ချင်သူ့အတွက်တော့

“ပွင့်ပွင့်လင်းလင်းနော်” ဆိုတဲ့

အလန်းဇယားလေးတွေကလဲခုခေတ်မှာ

များမှများ

ဒီလောက်လေးနဲ့ကတော့

ကိုတွံတေးကြီးရဲ့သီချင်းလို

“ပျင်းတောင်ပျင်းသေးတယ်- ပျင်းတောင်ပျင်းသေးတယ်  ဟေ့”

လို့ဆိုသူတွေကလဲဆိုလေရဲ့။

 

အိမ်နေနေလမ်းနေနေ

နေချင်တဲ့နေရာနေ

ဝတ်ချင်သလိုဝတ်

ကြည့်ချင်သလိုကြည့်

လူတိုင်းမှာ ဒါပါတာဘဲဆိုတဲ့

အတွေးနဲ့လူဖြစ်လာသူများကလဲ

ဒီလောက်လေးဖော်တာကို “ပေါ်ကုန်ပြီ”အော်တော့

“ဒါလေးများ… ရီတာပေါ့ ….ဒါလေးများ……… ရီတာပေါ့”

လို့ဖြစ်ကုန်ပြန်ရော။

 

အဲတော့ ဖော်ချင်သူဖော်တာကို

မကြည့်ချင်သူက ၀င်မပြောနဲ့။

ဖော်ချင်သူများကလဲ

“ကြည့်ချင်လား

မကြည့်ချင်ဘူးလား”

အရင်မမေးဘဲနဲ့ဇွတ်မပြနဲ့။

 

သိပ်ပြချင်လာရင်

ကိုယ့်လို အတွေးတူ

ကြည့်ချင်သူတွေကိုအရင်စု

လူညီပြီဆိုမှ ရှိသမျှအကုန်ဖွင့်ချလိုက်တော့။

ဘာမချန်မထားနဲ့။

“အာဟ…………….. အာဟ…………. “

အဘတို့ကတော့

မထိတထိဆိုရင်

ရင်ထဲမှာ ကျလိကျလိနဲ့မို့

ပွင့်လင်းတာကိုဘဲကြိုက်တယ်။

အမြင်မရှင်းဘူးဆိုရင်လဲ

စိတ်တွေရှုပ်တော့ အင်း……………………

 

အော်………….မှာရအုံးမယ်

တကယ်လို့များပွင့်လင်းဘို့

လူစုလို့ပြီးပြီဆိုရင်ခေါ်ဘို့တော့           မမေ့နဲ့နော်လို့……………………..။

 

                     (ကိုပေါက်ပြောတာ ဟုတ်ဘူးနော်သူများ ကပိုက်ဆံပေးပြီးလာရေးခိုင်းတာရယ်)

 

 သရော်စာ ကိုပေါက်လက်ဆောင် အတွေးကန့်လန့်လေး

In: ကဗျာ Posted By: Date: Mar 24, 2011
Comment #1

ကြိုက်လို့အားပေးသွားပါတယ်..

commentinfo By: ရွှေငါး at Mar 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment