Professional Authors

သ ရ ေ ပ ် ာ က ္ ရွ ာ ေ န တ ဲ ့ အ က ၡ ရ ာ မ ု န် တို င်း (terry)

သူသူငါငါပြောသလိုဆိုရင်
ဖြစ်ချင်ရာဖြစ်ပေါ့……….
အဲ့ဒီမီးက
ဆင်ခြင်တုံတရားထိတက်လောင်တယ်။

လက်ခံတဲ့သူရဲ့
အသုံးပြုမှု့ပေါ်မှာမူတည်တဲ့
အတွေးအခေါ်လိုသတ္တ၀ါ
ကောင်းကင်ပေါ်လည်းလမ်းလျှောက်တယ်
တံလျှပ်လည်းသောက်တယ်
မြေပြင်မှာလည်းပျံသန်းတယ်
ဓားကိုလည်းနမ်းတယ်

ကြာတော့လည်း……….
အချိုဆိုတာ
ကိုယ်မကုန်လည်း
သူကုန်သွားတာပါပဲ။

အကြည့်တစ်ခုရဲ့နောက်
ဖျက်အားပြင်းအမှောင့်တွေပါမယ်
ဆိုရင်တောင်
ကိုယ့်ကိုယ်ကိုဝှက်ထားမယ့်ကောင်မဟုတ်ဘူး
နှင်းအိပ်မက်ထဲကမနိုးအောင်
တစ်ယောက်ထဲနဲ့
နှစ်ကိုယ်စာကျကွဲဖို့ အထိ
ရည်ရွယ်ထားပါတယ်။

ဝန်ခံပါတယ်
အရိပ်ကိုအရိပ်နဲ့ ကွယ်ထားတာကိုတောင်
မမြင်နိုင်လောက်အောင်
ငါဟာမှောင်ခဲ့ဖူးသူ
ပစ်ခြင်းပစ်
ကိုယ့်ရင်ပဲအပွင့်ခံမယ်ဆိုတဲ့စိတ်နဲ့ 
အကိုင်းအခက်တွေကိုတောင်
ဟာမိုနီဖျက်ပစ်ဖူးတယ်။

ကိုယ်လိုက်တော့သူပြေးတယ်
မလိုက်တော့ပိုဝေးသွားတယ်
စိတ်ကူးကတဆင့်ခံမက်တဲ့
အိပ်မက်ဆိုတော့
ပိုဖမ်းရခက်တာပေါ့။

တစ်ကိုယ်ရေတကာရထက်
ဒဏ်ရာတွေကိုလွယ်ထားခဲ့တဲ့
ကစဥ့်ကလျားအိမ်ပြန်လမ်းမှာ
အုန်းမောင်းခေါက်သံကြားတာတောင်
နွေကရောက်မလာခဲ့ဘူး။

ကျွန်ုပ်သည်လူညံတစ်ယောက်ဖြစ်သည်
အစီအစဉ်များရေးဆွဲခဲ့သည်
မျှော်လင့်ချက်များစိုက်ပျိုးခဲ့သည်
ရည်မှန်းချက်များဆောက်လုပ်ခဲ့သည်
ထိုအရာများ၏နောက်ဆုံးပန်းတိုင်သည်
လည်ပင်းတွင်စွပ်၍ကျစ်နေခဲ့သော
ကြိုးဖြစ်မှန်း……………….
သေဖူးမှသိခဲ့သောကြောင့်ဖြစ်သည်။

                                                terry(15.10.2011)1:00am
                                               [email protected]

In: ကဗျာ Posted By: Date: Oct 20, 2011
Comment #1

အကြည့်တစ်ခုရဲ့နောက်
ဖျက်အားပြင်းအမှောင့်တွေပါမယ်
ဆိုရင်တောင်
ကိုယ့်ကိုယ်ကိုဝှက်ထားမယ့်ကောင်မဟုတ်ဘူး
နှင်းအိပ်မက်ထဲကမနိုးအောင်
တစ်ယောက်ထဲနဲ့
နှစ်ကိုယ်စာကျကွဲဖို့ အထိ
ရည်ရွယ်ထားပါတယ်။

ဝန်ခံပါတယ်
အရိပ်ကိုအရိပ်နဲ့ ကွယ်ထားတာကိုတောင်
မမြင်နိုင်လောက်အောင်
ငါဟာမှောင်ခဲ့ဖူးသူ
ပစ်ခြင်းပစ်
ကိုယ့်ရင်ပဲအပွင့်ခံမယ်ဆိုတဲ့စိတ်နဲ့ 
အကိုင်းအခက်တွေကိုတောင်
ဟာမိုနီဖျက်ပစ်ဖူးတယ်။

ကိုယ်လိုက်တော့သူပြေးတယ်
မလိုက်တော့ပိုဝေးသွားတယ်
စိတ်ကူးကတဆင့်ခံမက်တဲ့
အိပ်မက်ဆိုတော့
ပိုဖမ်းရခက်တာပေါ့။

တစ်ကိုယ်ရေတကာရထက်
ဒဏ်ရာတွေကိုလွယ်ထားခဲ့တဲ့
ကစဥ့်ကလျားအိမ်ပြန်လမ်းမှာ
အုန်းမောင်းခေါက်သံကြားတာတောင်
နွေကရောက်မလာခဲ့ဘူး။

ကောင်းတယ်ဗျာ အားပေးသွားပါတယ်

commentinfo By: HEROSMITH at Oct 20, 2011
Comment #2

တစ်ကိုယ်ရေတကာရထက်
ဒဏ်ရာတွေကိုလွယ်ထားခဲ့တဲ့
ကစဥ့်ကလျားအိမ်ပြန်လမ်းမှာ
အုန်းမောင်းခေါက်သံကြားတာတောင်
နွေကရောက်မလာခဲ့ဘူး။

ကျွန်ုပ်သည်လူညံတစ်ယောက်ဖြစ်သည်
အစီအစဉ်များရေးဆွဲခဲ့သည်
မျှော်လင့်ချက်များစိုက်ပျိုးခဲ့သည်
ရည်မှန်းချက်များဆောက်လုပ်ခဲ့သည်
ထိုအရာများ၏နောက်ဆုံးပန်းတိုင်သည်
လည်ပင်းတွင်စွပ်၍ကျစ်နေခဲ့သော
ကြိုးဖြစ်မှန်း……………….
သေဖူးမှသိခဲ့သောကြောင့်ဖြစ်သည်

ငါ့ကိုေ၇းထားပေးဦးနော်…….သူနဲ့ အတူတူ ဓါတ်တောင်ချိုင့် သွားခဲ့ဘူးတယ်……..အဲ့ဒီလမ်းတွေက အ၇မ်းကြမ်းတယ်… သူငါ့လက်ကို မလွှတ်ဘဲ အတူတူ လျှေက်ခဲ့တယ်…ပြီးတော့ အဲ့ဒီ့နေ့ ကမိုးတွေလည်း၇ွှာတယ်………..သူနဲ့ တွေ့တဲ့ အချိန်တိုင်း မိုး၇ွာထဲ မှာကများတယ်…နောက်နေ့ေ၇ာက်မှ ဖုန်းထက်ဆက်လိုက်မယ်ကွာ

commentinfo By: KAUNGZAW at Oct 20, 2011
Comment #3

လက်ခံတဲ့သူရဲ့
အသုံးပြုမှုပေါ်မှာမူတည်တဲ့
အတွေးအခေါ်လိုသတ္တ၀ါ
ကောင်းကင်ပေါ်လည်းလမ်းလျှောက်တယ်
တံလျှပ်လည်းသောက်တယ်
မြေပြင်မှာလည်းပျံသန်းတယ်
ဓားကိုလည်းနမ်းတယ်…………………
အရမ်းကိုရဲရင့်တယ်ထင်ရပေမယ့်
အရှုံးပေးနေရတဲ့ အတွက် လောကကြီးကိုရွဲ့ ချင်နေတဲ့ နာကျင်နေတဲ့ 
ဂျစ်စုတ်စုတ်ကောင်းလေးတစ်ယောက်
ကဗျာရေးတဲ့ လူရဲ့ ဂျစ်ကန်ကန် စာသားတွေ
ရင်ကိုခိုက်တယ်ဗျာ..

commentinfo By: sharon myorr myor at Oct 20, 2011
Comment #4

ကဗျာဝင်ရောက်အားပေးသွားပါတယ်ဆရာ…..ကြိုက်နှစ်သက်သောကြောင့်သုံးခေါက်ဖြစ်ဖြစ်သွားပါတယ်..။
တာရာကိုကို

commentinfo By: တာရာကိုကို at Oct 20, 2011
Comment #5

အားပေးနေကြတာ တကယ်ကိုဝမ်းသာမိပါတယ်….ဗျာ။
…အမရှာရွန်တို့ ကတော့လုပ်ပြီ…..ကဗျာတင်မဟုတ်ပါဘူး..လူလည်းဂျစ်ကန်ကန်ပါပဲ။စတာ 🙂
…..ကိုတာရာကိုကို .ရေ…ဆရာမဟုတ်သေးပါဘူးဗျာ…အဲ့ဒီပီတိလေးတွေနဲ့ ဆက်ရှင်နေရတာပါ 🙂

commentinfo By: terry at Oct 20, 2011
Comment #6

ကြာတော့လည်း……….
အချိုဆိုတာ
ကိုယ်မကုန်လည်း
သူကုန်သွားတာပါဘဲ။
မှန်တယ်ဗျာ အားပေးသွားတယ် ။

commentinfo By: X - ray at Oct 21, 2011
Comment #7

နောက်ဆုံးအးပုဒ်လေးကိုကြိုက်တယ်။ ကိုတယ်ရီ……..
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Oct 21, 2011
Comment #8

ဝန်ခံပါတယ်
အရိပ်ကိုအရိပ်နဲ့ ကွယ်ထားတာကိုတောင်
မမြင်နိုင်လောက်အောင်
ငါဟာမှောင်ခဲ့ဖူးသူ
ပစ်ခြင်းပစ်
ကိုယ့်ရင်ပဲအပွင့်ခံမယ်ဆိုတဲ့စိတ်နဲ့ 
အကိုင်းအခက်တွေကိုတောင်
ဟာမိုနီဖျက်ပစ်ဖူးတယ်။
ဘာမှမပြောခဲ့တော့ဖူးဟာ…….

commentinfo By: အသဲကွဲမိုး at Dec 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment