Professional Authors

တိတ်ဆိပ်မှု့နဲ့ခြွေခဲ့တဲ့ ငါ့ရဲ့….နွေ (terry)

အရောင်မပါတဲ့
လေပြည်တွေနဲ့
ငါ့ရင်ကို တိုက်ခတ်တိုင်း
ရင်ခုန်သံတွေ
ခဏခဏ လဲပြိုနေတာ
ငါ့ကိုယ်ငါပဲသိတယ် ချစ်သူ…။

တရွေ့ရွေ့ သွားနေတဲ့
နာရီလေးကို ငေးမောရင်း
ဘာမှန်းမသိတဲ့
တမ်းတမှု့တစ်ခုကို
ငါ လွမ်းဆွတ်နေတတ်ပြီ…

”အုံ့ပုံးအချစ်” တဲ့..
ပြောရလွယ်သလောက်
ခံစားရခက်တဲ့ အရာတွေထဲမှာ
သူလည်းပါတယ်။

ပြောချင်ပေမယ့်
ပြောခွင့်မရခဲ့သလို
ပြောခွင့်ရပေမယ့်
မပြောရဲခဲ့တဲ့ ငါ့အချစ်ကို
သူရဲဘောကြောင်တယ်လို့
နင် ထင်ချင်ထင်လိမ့်မယ်..

ဟုတ်ပါတယ်..
ငါဟာ နင်နဲ့ပတ်သတ်ရင်
မစခင်ကတည်းက
ရှုံးနိမ့်နေခဲ့သူပါ။

မျက်ရည်ကျပြပြီး
လွမ်းရမှာထက်
ရင်ထဲမှာပဲ
ဘယ်သူမှမမြင်အောင်
ငိုနေရတာက
ပိုပြီးကောင်းမယ်ထင်ပါတယ်။

မျှော်လင့်ချက် လမ်းခွဲတွေနဲ့
ငါရပ်နေခဲ့တော့မယ် ချစ်သူရယ်…….။

                                                     terry

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

ဖွင့် ပြောလိုက်ဖို့ တိုက်တွန်းချင်တယ်
ပိုင်၇ှင် မပေါ်သေးခင်

commentinfo By: သော်တာ at Aug 21, 2010
Comment #2

ဟီးးးးးးးးးး သတ္တိတော့မွေးရဦးမယ် ။

commentinfo By: terry at Aug 22, 2010
Comment #3

ကောင်းလိုက်တာ ကဗျာလေးက..terry ကိုယ်တိုင်ေ၇းတာလား…i လည်းကဗျာေ၇းတော့..ကဗျာလေးတွေကိုချစ်တယ်…ခံစားချက်တွေလာ;?

commentinfo By: jasmine at Sep 6, 2010
Comment #4

ဟုတ်ကဲ့ပါ ။ကျွန်တော်ကိုယ်တိုင်ရေးထားတာပါ။
ခံစားချက်တွေပါ။အားပေးတဲ့အတွက်ကျေးဇူးပါ။

commentinfo By: terry at Sep 6, 2010
Comment #5

မျက်ရည်ကျပြပြီး
လွမ်းရမှာထက်
ရင်ထဲမှာပဲ
ဘယ်သူမှမမြင်အောင်
ငိုနေရတာက
ပိုပြီးကောင်းမယ်ထင်ပါတယ်။
…………………………………………..ဘာပြောရမှန်းသိတော့။။ဘူး…..တွေသွားတယ်…ဆွေးတယ်

commentinfo By: အသဲကွဲမိုး at Mar 16, 2011
Comment #6

အားပေးသွားပါတယ် ဗျာ
မျှော်လင့်ချက် လမ်းခွဲတွေနဲ့ ဆိုတာလေး သဘောကျတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment